Sunday, January 10, 2016

ကျပ်တစ်ရာဖြစ် ရန်ကုန်တွင် လျှပ်စစ်ရထားစီးလိုရ

ရန်ကုန်မြို့တွင် ကျပ်တစ်ရာနဲ့ လျှပ်စစ်ရထား စီးနိုင်ပြီ
=========================
၁၀..၁..၁၆

-
ရန့်ကုန်မြို့မှာ လျှပ်စစ်ရထားပြေးဆွဲမှု ကိုဇန်နဝါရီလ (၁၀) ရက်နေ့မှာစတင်ခဲ့ပါတယ်။ ကျပ်တစ်ရာနဲ့စီးနင်းနိုင်မယ့် လျှပ်စစ်ရထား
ကို နေ့စဉ် မနက်(၈)နာရီကနေ နေ့လည်(၁)နာရီအထိ ပြေးဆွဲသွားမှာဖြစ်ပါတယ်။

-
လျှပ်စစ်ရထားကို ၀ါးတန်းလမ်းနဲ့ ကမ်းနားလမ်းထောင့် ကနေ လင်းစဒေါင်း အထိကမ်းနားလမ်းတလျှောက် ပြေးဆွဲမှာဖြစ်ပြီး လမ်းတစ်လျှောက် အသွားအပြန် တစ်နေ့ကို ခြောက်ခေါက်ပြေးဆွဲမှာဖြစ်ပြီး ကြားမှာ မော်တင်၊၁၅လမ်း ပန်းဆိုးတန်းနဲ့ ဗိုလ်တထောင်ဘုရား တွေမှာ ခရီးသည်အတက် အဆင်းပြုလုပ်နိုင် မှာဖြစ်ပါတယ်။

posted from Bloggeroid

No comments:

Post a Comment