
ဧရာဝတီကျွန်းပေါ်က ကိုင်းမြေများအလယ်ကရေလမ်းကြောင်းဖောက်တာ
မရပ်ပေးပါက ယာဉ်တော်ကျေးရွာဒေသခံတွေ ဆန္ဒဖော်ထုတ်သွားမည်ဟုဆို
==================================================
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဧရာဝတီ မြေနုကျွန်းပေါ်က
ဒေသခံယာဉ်တော်ကျေးရွာ စိုက်ခင်းများအလယ်က ရေဆိုးစီးဆင်းရန်
မြောင်းသစ်ဖေါက်သည့်ကိစ္စမရပ်ပေးပါက ကျွန်းကိုင်းမြေတွေပျက်စီးနိုင်
သော်ကြောင့်တောင်သူတွေဆန္ဒဖော်ထုတ်မည်ဟုပြောသည်။
"အခုလိုပွင့်လင်းမြင်သာမှု့ရှိသောခေတ်ကြီးဖြစ်နေတာတောင် ကျွန်တော်
တို့ ယာဉ်တော်ကျေးရွာ ဒေသခံတောင်သူတွေ ကျွန်းပေါ် စိုက်ပျိုးရေးလုပ်
ငန်းလုပ်စာနေသော ကျွန်းကိုင်းမြေ ဧက ၃၀၀၀ ကျော် အလယ်ကနေ
မန္တလေးမြို့ကနေ ဟိုရှေးယခင် ကနေ ယနေထိ စီးဆင်းနေသောရေဆိုး
မြောင်(ခါ်)ရွှေတစ်ချောင်းမြောင်း ရေစီးရေလာကောင်းမွန်ဆိုကာ
ရေလမ်းကြောင်းအသစ်တူဖေါ် ဖောက်လုပ်နေတာ ဒေသခံတွေအသိမ
ပေးဘဲ စီမံကိန်ဟုအမည်တပ်ကာဖောက်နေပါတယ် ဘယ်ဌာန ဘယ်သူ
တွေဆိုတာမသိရဘူး ဆက်၍ဖောက်သွာပါက ဒေသခံတောင်သူအင်အား
၃၀၀ ကျော်ဖြင့်ဆန္ဒဖော်ထုတ်သွားမည်ဟုတောင်သူကိုမျိုးမြင့်ကပြောသည်။
ကျွန်မတို့မြေမပါဘူး အခုပါတာက ဒီရွာရဲ့ဓလေ့ဖြစ်တဲ့ အိမ်ထောင်ကျကာစ
ကလေးတွေကိုတစ်နှစ်တကာ မြေနုကျွန်းပေါ်တာနဲ့အကွက်ရိုက်ပေးပြီး
တောင်သူရိုရာလုပ်ငန်းလုပ်စားနေထိုင်ကျသော အိမ်ခြေမိသားစု ၃၀၀
ကျော်အတွက် ကျွန်မကဝင်ပါတာ ဒီကိစ္စကို အုပ်ချုပ်ရေးအဖွဲ့ကဒေသခံ
တောင်သူတွေကို အသိပေးခြင်း အကြောင်းကြားခြင်းမရှိဘဲ ရေဆိုးမြောင်း
စီးဆင်းဖို့ဖောက်တယ်လိုဘဲကြားသိရတယ် ရေဆိုးမြောင်းအတွက်ဆို
ယခင်ရေဆိုးမြောင်းအတိုင် ရွေကြက်ယက်ထိဖောက်လိုရတယ်အခုဟာ
က ရေနံတင်ဆိပ်ကမ်းလာသေဘောင်္တွေ ဖြက်သွားဖို့မြောင်းလမ်းပေး
တယ်လိုကျွန်မတို့ထင်တယ် ရေလမ်းပေါက်တာနဲ့ သွားကြမှာဘဲ
သွားတာနဲ့ကျွန်မတို့ ဒေသခံ တွေလုပ်စားနေတဲ့ ဧကပေါင်း ၃၀၀၀ကျော်
ပျက်စီးသွားနိုင်တယ်ဟု ဒေသခံယာဉ်တော်ကျေးရွာက မခင်မျိုးထွေးက
ပြောသည်။
အဆိုကိစ္စနှင့်ပါက်သက်၍ ရေအရင်မြှစ်ဌာနသို့သွာရောက်မေးမြန်ခဲရာ
ဒီကိစ္စက ကျွန်တော်တို့ဌာနကို မြို့တော်စည်ပင်သာယာရေးအဖွဲ့မှအကူ
အညီတောင်းလို ကူညီပေးတာဖြစ်ပါတယ် အခုရေလမ်းကြောင်းအသစ်
ဖောက်သည့်နေရာက တောင်သူတွေရဲ့ မြေတွေလုံးဝ မထိဘူး ယခင်
ရေသွားလမ်းကြောင်းပိတ်သွားသဖြင့် သူတို့ရဲနောက် ရွှေကြက်ယက်
တိုက်နယ် ကမ်းနားတစ်လျောက် ရွှေတစ်ချောင်းကစီးဆင်းလာသော
ရေဆိုးများကြောင့် ကျန်းမာရေးထိခိုက်လာမှု့တွေရှိနေလို ဒီလမ်းကြောင်း
ကို မြစ်ကြောင်းဌာနက ကူညီဖောက်လုပ်ပေးတာဟု တာဝန်ရှိသူတစ်ဦး
ကပြောသည်။

posted from Bloggeroid
No comments:
Post a Comment