Friday, February 19, 2016

IS


ပေါ့ပ်သီချင်းနားထောင်တဲ့ လူငယ်ကို အိုက်အက်စ်အဖွဲ့ ခေါင်းဖြတ်ကွပ်မျက်

===================
===================

ပေါ့ပ်သီချင်းနားထောင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တစ်ဦးကို အိုက်အစ်အဖွဲ့က ခေါင်းဖြတ် ကွပ်မျက်က်လိုက်ပါတယ်။

ပေါ့ပ်သီချင်းနားထောင်မိခဲ့တဲ့ လူငယ်လေးတစ်ဦးကို အီရတ်မှာ အိုင်အက်စ်အဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

လူငယ်လေးကို အိုက်အက်စ်အဖွဲ့ဝင်တွေ ဖမ်းရမိခဲ့ပြီးနောက် အစ္စလာမ်မစ်တရားရုံးတင်ပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် တရားရုံးက ပေါ့ပ်သီချင်းနားထောင်မိခဲ့တဲ့ အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး လူလယ်ခေါင်မှာ ခေါင်းဖြတ်ကွပ်မျက်ဖို့ အမိန့်ချလိုက်တာပါ။

မူဆူးလ်မြို့အနောက်ဘက်ပိုင်းက ကုန်စုံဆိုင်ထဲမှာ သီချင်းနားထောင်နေတဲ့ လူငယ်လေးကို ဖမ်းဆီရမိခဲ့တာ ဖြစ်ကြောင်း ARA သတင်းဌာနက ဖော်ပြပါတယ်။ သီချင်းနားထောင်မိတဲ့အတွက် အဆုံးစီရင်ခဲ့တာဟာ မိုဆူးလ်မြို့ထဲမှာ ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

============

Duwun

posted from Bloggeroid

No comments:

Post a Comment