ပြည်သူတွေစည်းကမ်းတကျ အမှိုက်စွန့်ပစ်တတ်စေဖို့ နဲ့ ပုံမှန်သုံးမရတော့တဲ့ ပစ္စည်းကနေ အမှိုက်ပုံး လုပ်လို့ရတယ်ဆိုတာကို ဗဟုသုတသိစေဖို့ ဆိုပြီး မန္တလေးမြို့ အထက ၂၆ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက သူကိုယ်တိုင် သူ့တပည့် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ဖန်တီးထားတဲ့ စွဲဆောင်မှုရှိတဲ့ အမှိုက်ပုံးတွေကို မန္တလေးရွှေနန်းတော်ကြီးနဲ့ ကျုံးတောင်ဘက်ခြမ်းက ကျုံးအလှဆင်ရေပန်းအနီးမှာ ခင်းကျင်းပြသ အသုံးပြုကြဖို့ ထားရှိပေးထားပါတယ်။
ဒီလိုနေရာချထား ပေးနိုင်ဖို့အတွက်ကိုတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်း စီစဉ်လိုက်တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ကျုံးပတ်ပတ်လည်၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင် အစရှိတဲ့နေရာတွေမှာ ထားရှိပေးသွားဖို့ ကြိုးပမ်းနေပါတယ်လို့ ပေါ်ပြူနယူးစ်နဲ့တွေ့ဆုံစဉ် ၄င်းကပြောပါတယ်။
ဒေသအစိုးရ အဖွဲ့အစည်းတစ်ရပ်နဲ့ ပူးပေါင်းစီစဉ်ထားတာဖြစ်တဲ့အတွက် ဒီအမှိုက်ပုံးတွေဟာ ပြည်သူပိုင်ဖြစ်သွားပြီး ပြည်သူပိုင်ဖြစ်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးမှုပြုကြမယ်ဆိုရင်တော့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲဆို ခံရနိုင်ပါတယ်။
#PopularNews

posted from Bloggeroid
No comments:
Post a Comment