Friday, February 26, 2016

မင်္ဂလာမန္တလေးတစ်နစ်ပြည့်နှင့်ငုရွှေဝါကွန်ဒိုဖွင့်ပွဲ

မင်္ဂလာမန္တလေး(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငုရွှေဝါကွန်ဒိုမီနီယံကို
ဖွင့်လှစ်ပွဲကျင်ပခဲ့သည်
==================================================

မန္တလေး ဖေဖေါ်ဝါရီ ၂၆
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ
မင်္ဂလာမန္တလေးအိမ်ရာအတွင်းရှိ ငုရွှေဝါကွန်ဒိုမီနီယံ ဖွင့်လှစ်ခြင်းအခမ်း
အနာနှင့်မင်္ဂလာမန္တလေး(၁)နှစ်ပြည့်အထိမ်းအမှတ်ပွဲကိုဖေဖေါ်ဝါရီလ
၁၆ ရက်နေ့ညနေ ၆ နာရီအချိန်ကစတင်၍ကိင်ပခဲသည်။

"မင်္ဂလာမန္တလေးဧရိယာအတွင်းမှာဘဲ ဒီငုရွှေဝါ ကွန်ဒိုကို မြေဧက ၁.၅၀
အတွင်းမှာတည်ဆောက်ထားတာဖြစ်ပါတယ် အခန်းတွေက ၃ အိမ်ခန်း
ဧည့်ခန်း အစရှိသည့်နိုင်ငံတကာအဆင့်မှီဖြစ်အောင်ဆောင်ရွက်ထားကာ
အခန်းတွေကို ကြိုတင်ရောင်ထားပြီးသားဖြစ်ပါတယ် ယနေ့ မင်္ဂလာမန္တလေး တစ်နစ်ပြည့်နဲ့ ငုရွှေဝါကွန်ဒိုမီနီယံဖွင့်ပွဲကတော့ဒီနေ့ဘဲ
ပြုလုပ်ဖြစ်တာ အားလုံးကလူတွေနေ နေကြပါပြီ တစ်ချို့ကတော့ ဝယ်ထား
ပြီး ငှါးထားတာတွေရှိပါတယ် နိုင်ငံခြားသားတွေ မန္တလေးကိုအလုပ်နဲ့လာ
နေသူတွေက ငှါးထားတာတွေရှိတယ်ဟုနယူစတားကုမ္ပံဏီကကိုဇင်မင်း
ဆွေကပြောသည်"။

"မင်္ဂလာမန္တလေးဧရိယာအတွင်းရှိငုရွှေဝါကွန်ဒိုမီနီယံဟာ သန့်ရှင်းသက်ရပ်
စွာတည်ဆောက်ထားပြီး ကွန်ဒိုမီနီယံ (A/B)ကြားတွင် ရေကူးကန်ပါရှိခြင်း
ကလေးကစားကွင်းနှင့်ကျန်းမာရေးလေးကျင့်ခန်း ခန်းမဆောင်ပါရှိပြီး
နိုင်ငံတကာအဆင့်မှီ လုံခြုံရေးများထားရှိပေးကာ ၂၄ နာရီ လျှပ်စစ်မီးရရှိခြင်
းမန္တလေးရာသီဥတုပူပြင်းဒဏ်များကိုအတက်နိုင်ဆုံးကာကွယ်ပေးထားခြင်း
မီးဘေးအတွက် လုံခြုံရေးစနစ်များပါရှိပြီး အခန်းပေါင်း ၅၆ခန်းပါဝင်တယ်
ဟု၎င်း၏ပြောသည်"။

အဆိုပါ အဆင့်မြင့်ငုရွှေဝါကွန်ဒိုမီနီယံ အခန်းတွေကို သန့်ရှင်းရေး လုံခြုံရေ
းဘက်စုံဝန်ဆောင်မှု့စရိတ်အဖြင့် ၂၀၁၆ ဖေဖေါ်ဝါရီလကနေစတင်၍တစ်
ခန်းလျှင် ၉၉ ဒေါ်လာကောက်ခံပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးအ
ဖွဲ့နှင့်နယူစတားကုမ္ပံဏီတို့ကမင်္ဂလာမန္တလေးအိမ်ရာစီမံကိန်းကိုအကောင်
အထည်ဖေါ်တည်ခဲသလို နယူစတားကုမ္ပံဏီအနေနှင့် မင်္ဂလာမူဆယ်အိမ်
ရာစီမံကိန်တို့ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။



posted from Bloggeroid

No comments:

Post a Comment