Wednesday, February 17, 2016

တွေ့ဆုံပွဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးဟု သတင်းထုတ်ပြန်
---- ------ ------ ------ ----
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီ ၄၀ မိနစ်အထိ နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရွေးကောက်ပွဲနောက်ပိုင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ယခု တွေ့ဆုံမှုသည် တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် တိုင်းဒေသကြီးအချို့၏ ၀န်ကြီးချုပ်နေရာများကို တပ်မတော်မှရွေးချယ်သူများ ခန့်အပ်ရေး NLD နှင့် တပ်မတော်အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိရာ ယခုတွေ့ဆုံမှုအပေါ် အများပြည်သူက အထူးစိတ်ဝင်စားလျက်ရှိသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်အတူ ဦးဇော်မြင့်မောင် နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ တက်ရောက်ကြသည်။

posted from Bloggeroid

No comments:

Post a Comment