Friday, February 26, 2016

အန္တရာယ်ကြားက မူးယစ်သားကောင်းလက်ချက်

‘‘ကုန်းပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်တယ်၊ ဗုံးတွေနဲ့ ပစ်တယ်’’

===================
ဘိန်းခင်းဖျက်သောအဖွဲ့မှ ဗုံးထိ၍ ဒဏ်ရာရရှိခဲ့သူတစ်ဦးနှင့် တွေ့ဆုံခြင်း
===================

အမည်နဲ့ နေရပ်လည်းပြောပြပါလား။

နာမည်က တူးအောင်။ နေတာက ဗန်းမော်မှာနေတာ။

ဒီနေ့မနက် ဖြစ်သွားတဲ့ ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဒီနေ့မနက်က ကျွန်တော်တို့ ရှေ့မှာတက်သွားတဲ့ လူအယောက် ၂၀၀ ကျော်ကို ၀ိုင်းထားတယ်လို့ကြားတယ်။ ဘယ်သူတွေ ၀ိုင်းထားတာလဲတော့မသိဘူး။ ၀ိုင်းထားတယ်လို့ပဲကြားတယ်။ အဲဒီဘက်မှာ လူအင်အားပြန်ဖြည့်ရအောင်လို့ ပြောလာတဲ့အ တွက်ကြောင့် သွားလိုက်တယ်။ လမ်းကြားရောက်တော့အဲဒီမှာသူတို့ ကျောက်ခဲတွေနဲ့ စပြီးစောင့်ပစ်တယ်။ အဲဒီလိုပစ်တော့ ကျွန်တော်တို့ခေါင်းဆောင်ရောက်လာပြီး လိုက်ဖမ်းလို့ပြောတော့ ကျွန်တော်တို့ လိုက်ဖမ်းတော့ သေနတ်နဲ့ပစ်၊ ဗုံးတွေနဲ့ပစ်လာတယ်။ ကျွန်တော်က ဗုံးထိသွားတယ်။ ကျွန်တော်က တော့ ကျောကုန်းမှာ ဗုံးမှန်သွားတာ။

ပစ်တဲ့လူတွေက ဘယ်လိုမျိုးပုံစံတွေလဲ။ မြင်လိုက်လား။

တရုတ်လူမျိုးတွေနဲ့တူတယ်။ သူတို့လူဦးရေ ၁၀၀လောက်တော့မရှိဘူး။ ၅၀လောက်တော့ရှိတယ်။

ဘာတွေနဲ့ ပစ်တာလဲ။

ကုန်းပေါ်ကနေ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးတွေနဲ့ ပစ်တယ်။

အပစ်ခံရတဲ့အချိန် ရဲတွေကော မရှိဘူးလား။

လုံခြုံရေးလိုက်ပေးတဲ့ ရဲတွေကတော့ အဲဒီအချိန်မှာ ဘယ် ရောက်သွားလဲမသိဘူး။ နောက်မှ ရောက်လာတယ်။ ထွက် ပြေးသွားတာလား၊ နောက်ဆုတ်သွားတာလားတော့ မသိဘူး။

ဖမ်းမိတဲ့သူတွေကော ရှိတယ်ဆို ဟုတ်လား။

ဆယ်ယောက်ကျော်တော့ ဖမ်းမိထားတယ်။

ဒါဆိုရင် လက်ရှိအခြေအနေက ဘယ်လိုလဲ။

အခြေအနေကတော့ ရှုပ်နေတုန်းပဲ။ အခုက ဟိုဘက်ကလည်း သေနတ်နဲ့ပစ်၊ ရဲတွေကလည်း သေနတ်တွေနဲ့ ပြန်ပစ်ပေးနေ တယ်။

ဒီလိုမျိုးပြဿနာဖြစ်တော့ ဘိန်းခင်းဖျက်တာတွေ ဘယ်လိုလုပ် မလဲ။

မပြီးမချင်းတော့ ဆက်ပြီးလုပ်သွားမှာပဲ။ အားလုံး ဒီလိုစိတ်ဆုံးဖြတ်ချက်ချပြီး လာခဲ့တဲ့သူတွေပဲ။ မူးယစ်ဆေးဝါးဆိုတာ ကျွန်တော်တို့လူမျိုးကို လူညွန့်တုံးအောင်လုပ်နေတာပဲ။ ကျွန်တော်တို့က လူငယ်တွေဟုတ်တယ်။ သူငယ်ချင်းတွေကလည်း မူးယစ် ဆေးဝါးသုံးစွဲတဲ့အတွက်ကြောင့်မို့လို့ ဒီဟာကိုပိုပြီးတိုက်ဖျက်ချင်တဲ့စိတ်ကြောင့် ပါဝင်တယ်။ ပြီးတော့ နောင်လာနောက်သားတွေအတွက် စဉ်းစားပြီးတော့ ပါဝင် တာဟုတ် တယ်။

ကျေးဇူးတင်ပါတယ်။

============

7Day News Journal

http://7daydaily.com/story/58948

posted from Bloggeroid

No comments:

Post a Comment