စစ်ဘေးရှောင်ပြည်သူ အများစုကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင်ဆက်လက်နေထိုင်နေရ
~~~~~~~~~~~~~~~~~~~~~~~~~~~
kanbawza tai news journal
ကျောက်မဲ၊ဖေဖော်ဝါရီ ၂၂ ။
ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်တွင်နေထိုင်သော စစ်ဘေးရှောင်ပြည်သူအချို့ မိမိနေရပ်သို့ ပြန်နေကြပြီဖြစ်သော်လည်း အများစုမှာမပြန်ရဲသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်လျှက်ရှိကြောင်းကျောက်မဲမြို့ရှိကမ္ဘောဇတိုင်း
သတင်းထောက်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်သတင်းပေးပို့သည်။
" ဒီနေ့ ( ဖေဖေါ်ဝါရီလ ၂၁ ရက် )ညနေပိုင်းအစည်းအဝေး
လုပ်ပါတယ် ။စစ်ဘေးရှောင်ပြည်သူတွေနေရပ်ပြန်တဲ့အခါ အိမ်ထောင်တစ်စုမှာ ၂ ယောက်ထိရှိတဲ့မိသားစုကို ဆန်(၂၄ ပြည် ၀င်)တစ်အိတ်နဲ့ငွေကတစ်ယောက်တစ်သောင်းစီထောက်ပံ့ပေးပြီး ၂ ယောက်နဲ့ ၄ ယောက်အထိ ရှိတဲ့မိသားစုကို ဆန်အိတ် ၂ အိတ်နဲ့ထောက်ပံ့ငွေ
တစ်သောင်းစီ ။၅ ယောက်နှင့်အထက်ကိုဆန်အိတ်သုံးအိတ်နဲ့
ငွေကတော့တစ်ယောက်တစ်သောင်းစီထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ဘုန်းကြီးကျောင်းတွေကိုတော့ ဆန်အိတ်၃၀ နဲ့ လျှပ်စစ်မီတာကြေးတစ်လစာလှူဒါန်းသွားမှာပါ " ဟုကျောက်မဲမြို့၊ မြို့အထောက်အကူပြု ဥက္ကဌ ဦးတင်ဝင်းကပြောသည်။
ကျောက်မဲမြို့သီဟိုဠ်ပရိယတ္တိစာသင်တိုက်တွင်ရှိသော စစ်ဘေးရှောင်ကျောင်းသူ/သားများစာမေးပွဲဖြေဆိုနိုင်ရန်ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်းယင်းစစ်ရှောင်စခန်းမှာတာဝန်ရှိသူတစ်ဦးကပြောသည်။
" ကျောင်းသူကျောင်းသားတွေက ကျောက်မဲ အထက ၂ မှာစာမေးပွဲဖြေ၇ပါတယ်။စာမေးပွဲဖြေဆိုဖို့ သွားလာရေးကအစစီစဉ်ဆောင်ရွက်ပေးထားပါတယ်။ မနေ့ကစပြီးစစ်ဘေးရှောင်စခန်းတိုင်း မှာစစ်ဘေးရှောင်အသစ်တွေ
ကိုထပ်လက်မခံတော့ပါဘူး ။ စစ်ဘေးရှောင်စခန်းကပြန်မယ်ဆိုရင်လဲ
ထောက်ပံ့ပစ္စည်းတွေ
တစ်ခါထဲထုတ်ပေးပါတယ် ။စခန်းကထွက်သွားလို့
ပြန်ဝင်လာမယ်ဆိုရင်လက်မခံတော့ပါဘူး။ မပြန်ချင်သေးတဲ့သူတွေကိုတော့ ဆက်လက်ခံထားမှာပါ ။ ရွာကိုတစ်ချို့တစ်လေလောက်ပဲပြန်တာရှိပါသေးတယ်။ အတော်များများကတော့အခြေအနေကိုစောင့်ကြည့်နေကြတာပေါ့ " ဟု သီဟိုဠ်ကျောင်းစစ်ဘေးရှောင်စခန်းမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကိုကိုမောင်ကပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ကျောင်းသူကျောင်းသားများ
၏စိတ်ဓါတ်မြင့်တင်ပေးသည့်အနေဖြင့် ပျော်ရွှင်ဖွယ်ရာဂိမ်းကစားနည်းများကိုလည်းကျင်းပပြုလုပ်ပေးခဲ့ကြောင်း၎င်းကပြောသည်။
အဆိုပါစခန်းတွင်ရောက်ရှိနေသော တော့ဆန်ကျေးရွာနေအသက် ၇၄ ရွယ်ရှိ ဦးစိုင်းခေမိန္ဒက "အဖိုးအသက် ၇၄ နှစ်ရှိနေပြီ ။ ရွာကနေဒီလိုစစ်ဘေးရှောင်ရတာ
ဒီတစ်ခါပဲကြုံဖူးသေးတယ် ။ဒီမှာနေရတာအားလုံးအဆင်ပြေတယ်။
ကောင်းလဲကောင်းတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ဘယ်အချိန်မှပြန်ရမလဲတော့မသိသေးဘူး။ အေးဆေးသွားပြီဆိုမှပြန်တော့ မယ် " ဟုပြောသည်။
ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ မြန်မာနိုင်ငံအနှံအပြားမှ ပရဟိတအသင်းများ၊ စေတနာအလှူရှင်များမှ ယနေ့အထိလာရောက်လှူဒါန်းလျှက်ရှိသည်ဟုလည်းကျောက်မဲမြို့ခံများကပြောသည်။
===============
မင်္ဂလာထွန်း (ကျောက်မဲ)
PHOTO BY - MGLT
စစ်ရှောင်စခန်းတွင် ဆော့ကစားနေသည့် ကလေးငယ်များ။

posted from Bloggeroid
No comments:
Post a Comment