Wednesday, February 17, 2016

မန္တလေးတောင်ရင်ပြင်အတင်စက်လှေကားခမကောက်ဟုဆို

မန္တလေးတောင်ရင်ပြင် အတက်စက်လှေကား တက်ခ သက်မှတ်ကောက်ခံခြင်း မရှိ စေတနာကြေးသာ ကောက်ခံလျက်ရှိ

မန္တလေး ဖေဖော်ဝါရီ ၁၇

မန္တလေးတောင် ရင် ပြင် အတက်စက်လှေကား တက်ခ သက်မှတ်ကောက်ခံခြင်းမရှိ စေတနာကြေးသာ ကောက်ခံလျက်ရှိကြောင်း မန္တလေးတောင် ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက

မန္တလေးနေ့စဉ် သို့ပြောသည်။

မန္တလေးတောင်တော် ရင်ပြင် တော် အတက် စက်လှေကား မှာ လွန်ခဲ့သော အနှစ် ၂၀ လောက်က တပ်ဆင်ခဲ့တာ ဖြစ်ပြီး ယခု အခါ တပ်ဆင်ခဲ့သည့် ကျွမ်းကျင်းပညာရှင် အဖွဲ့ကို မန္တလေးတောင်တော် ဂေါပက အဖွဲ့မှ ကန်ထရိုက်ပေး ၀န်ဆောင်မှု စေပြီး စေတနာကြေးသာကောက်ခံလျက် ရှိသည်။

“ ဂေါပက အဖွဲ့ ဆိုတာ ပညာရှင် အဖွဲ့ မဟုတ်ဘူး ။ ဒီစက်လှေကားတွေကို သူကိုယ်တိုင်ဆင်ခဲ့တဲ့ သူ ကျွမ်းကျင်တဲ့ကို တာဝန်ပေးထားတယ်။ ပျက်ရင် ချက်ချင်းပြင်ခိုင်းလို့ရတယ်။လွန်ခဲ့ တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က OldModel ဖြစ်နေပြီ။ ဂျာမဏီနိုင်ငံလုပ်စက်လှေကား တွေဖြစ်တယ်။ကိုယ်တိုင်တပ်ဆင်ခဲ့တဲ့သူ ကို တစ်လဆယ်သိန်း တောင်တော်အတွက် အလှူငွေ ပြန်လည်ကောက်ခံပါတယ်။ စက်လှေကား တက်ခ ကြေးသက်မှတ်ပြီး ကောက်ခံမှု မလုပ်ခိုင်းပါဘူး ။စေတနာကြေးသာကောက်ခံရန် မှာကြားထားပြီး ဖြစ်ပါတယ်။

စက်လှေကား ၀န်ဆောင်မှု အတွက် ၃သိန်း၊ လျှပ်စစ်မီး မီတာခ ၂ သိန်း ၊ စက်လှေကားအတက် ဖိနပ်စင် ၀န်ဆောင်မှု အတွက် ၃သိန်း စုစုပေါင်း မန္တလေးတောင်တော် အတွက် ၁၀ သိန်း ကောက်ခံ ရရှိကြောင်းသိရသည်။ီ

မန္တလေးတောင် အတက်စက်လှေကား ကို ကန်ထရိုက်အဖွဲ့ ကကောက်ခံ လျက်ရှိပြီး အဆင်း ဓါတ်လှေကားကို ဂေါပက အဖွဲ့ ၀န်ထမ်းများက နံနက် ၉ နာရီမှ ၁၂ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီ ၀န်ဆောင်မှုပေးလျက်ရှိသည်။

မြန်မာနိုင်ငံ အနှံ့တန်ခိုးကြီးဘုရားများတွင် စက်လှေကား ၊ဓါတ်လှေကား စီးနှင်းခများကို သက်မှတ်ကြေးဖြင့် ကောက်ခံတာမျိုး မရှိပဲ စေတနာကြေးသာ ထည့်ဝင် ရန် နိုးဆော် မှုများ ၊ အလှူခံပုံးများ ထား ရှိခြင်းသာ ရှိသည်။



ရွှေမန်း ( မန္တလေးနေ့စဉ်)

posted from Bloggeroid

No comments:

Post a Comment