နိုင်ငံခြားသားဧည့်သည်များမန္တလေးတောင်တော် ရင်ပြင်တက်ရောက်ခွင့် ကောက်ခံခြင်းသည် မန္တလေးဇုန်ကြေး တစ်သောင်းတွင် မပါဝင် မန္တလေးတောင်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သီသန့်ကောက်ခံခြင်းဖြစ်
မန္တလေး ဖေဖော်ဝါရီ ၁၇
နိုင်ငံခြားသားဧည့်သည်များမန္တလေးတောင်တော် ရင်ပြင်တက်ရောက်ခွင့်တစ်ထောင်ကျပ် ကောက်ခံခြင်းသည် မန္တလေးဇုန်ကြေး တစ်သောင်းတွင် မပါဝင် မန္တလေးတောင်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သီသန့်ကောက်ခံခြင်းသာဖြစ်ကြောင်း မန္တလေးတောင်ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။
“တစ်ထောင်ကောက်တယ်ဆိုတာက ဇုန်ကြေးနဲ့ မဆိုင်ပါဘူး ။ထိုင်းနိုင်ငံ မြဘုရားမှာဆိုလဲ ဘယ်နိုင်ငံခြားသားမဆို ၀င်ကြေးပေးကြရတာပဲ။

ဧည့်သည်တွေက အလှူငွေထည့်ုတာလဲ မရှိဘူး ။မန္တလေးတော်ပေါ်ကနေ မန္တလေးမြို့နေ၀င်ဆည်းဆားအလှကိုကြည့်ရှုဖို့လာတာပဲရှိဘတယ်။သာသနာအတွက် လှူဒါန်းမှု မရှိဘူး ။ဧည့်သည်တွေကို အဘ တို့က လုံခြုံမှု ၊ဘေးအန္တရာယ်ကင်းရှင်းမှု ၊အတက်အဆင်းလွယ်ကူးမှု ရှိအောင် လုပ်ပေးတယ်။ ညနေ ၄ နာရီလောက်ကတည်းက ဧည့်သည်တွေ အဆင်ပြေဖို့ အတက်ဆိုလဲ အတက်တွေ အဆင်းညနေ ၆ နာရီဆို အဆင်းချည့်ဧည့်သည်တွေ အဆင်ပြေအောင် ဦးစားပေး ၀န်ဆောင်မှုပေးတယ်။ ဒီလိုကောက်ခံ ရရှိတဲ့ဝင်ငွေကို တောင်တော် သာသနိက အဆောက်အဦးတွေ ပြန်လည်ပြုပြင်တာ တည်ဆောက်တာတွေ မှာတောင်တော် အကျိုးအတွက် စနစ်တကျပြန်လည်အသုံးပြုသွားတာပါ။”ဟု မန္တလေးတောင်ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက မန္တလေးနေ့စဉ် သို့ပြောသည်။
ယခင်က နိုင်ငံခြားသားများကို ကင်မရာခွန်ကောက်ခံခဲ့ပြီး ယခုအခါ ဇန်န၀ါရီလ ၁ ရက်နေ့ မှ စတင်ကာ ရင်ပြင် တက်ရောက်ခွင့် တစ်ထောင်ကျပ်ကို စနစ်တကျ ဖြတ်ပိုင်းဖြင့် ကောက်ခံလျက်ရှိသည်။ မန္တလေးတောင်တော်ပေါ်သို့ နိုင်ငံခြားသား ဧည့်သည် ငါးရာခန့် လာရောက် လည်ပတ်လျက်ရှိကြောင်းသိရသည်။
“နိုင်ငံခြားသား ဧည်သည်များ ကို တစ်ထောင်ကောက်ခံ တာဖြစ်သင့်ပါတယ်။ ဇုန်းကြေးဆိုတာ ၀န်ကြီးဌာန ကိုသွင်းပြီး အစိုးရက စီမံခန့်ခွဲတာကိုး မန္တလေးတောင်တော် ပြုပြင်ထိန်းသိမ်းဖို့ ကောက်ခံ တာ ဖြစ်သင့်ပါတယ်။ ဂေါပကအဖွဲ့တွေက ဧည့်သည်တွေကို ဂရုတစိုက် ဦးစားပေး စောင့်ရှောက် ပါတယ်။ အခုဆို အမှိုက်ပုံးတွေ စနစ်တကျရှိလာပြီ အများကြီး သန့်ရှင်း တိုးတက်လာပါပြီ။”ဟု မန္တလေး ဧည့်လမ်းညွှန် မချောမူယာဝင်းက ပြောသည်။
ရွှေမန်း(မန္တလေးနေ့စဉ်)

posted from Bloggeroid
No comments:
Post a Comment