ရေခဲသေတ္တာထဲ မထည့်သင့်သည့် အစားအစာ ၅မျိုး
===================
===================
(၁) ခရမ်းချဉ်သီး
(၂) အာလူး
(၃) ငှက်ပျောသီး
(၄) ကြက်သွန်ဖြူ
(၅) ကြက်သွန်နီ
ဒီအစားအစာ ၅ မျိုးကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။
ရေခဲသေတ္တာရဲ့ အအေးဓါတ်ကြောင့် ဒီအစားအစာတွေမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အာဟာရဓါတ်နဲ့ ဆေးဖက်ဝင်စေတဲ့ ဓါတ်တွေကို ပျက်ပယ်သွားစေပါတယ်။
မပုတ်မညိုးသွားစေပေမယ့် အာနိသင်များ လျှော့ပါးသွားတတ်တဲ့အပြင် အနံ့အရသာများလည်း လျှော့ပါးသွားစေပါတယ်။
အာလူးနဲ့အမျိုးတူဖြစ်ကြတဲ့ ကန်စွန်းဥ၊ ပိန်းဥတို့ကိုလည်း ရေခဲသေတ္တာထဲ မထည့်ကောင်းပါဘူး။ အိမ်ရှင်မများ မကြာခဏ မှားတတ်တာကတော့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ အကျင့်ပါပဲ။
အားလုံးအတွက် ကျန်းမာရေးဗဟုသုတလေးကို ဝေမျှခြင်းပါ။ ဖတ်ရှုသူများအားလုံးကို လူမင်းသားမှ ကျေးဇူးအထူးတင်ရှိပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်များကိုလည်း ထပ်မံရေးတင်ပေးပါဦးမယ်။
လူမင်းသား
============
လူမင်းသား
(မြန်မာလက်ရာဒံပေါက်)

posted from Bloggeroid
No comments:
Post a Comment