မန္တလေး မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ခင်စောမူကွေ့ဘုန်းကြီးကျောင်းအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွား
မန္တလေး မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ ၄၂လမ်းနှင့် သိပ္ပံလမ်းကြား ခင်စောမူကွေ့ ဆီးဘန်နီဘုန်းကြီးကျောင်းအနီးတွင် ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၂၅)ယာဉ်လိုင်းအသင်းမှ ဦးထိန်ဝင်းမောင်နှင်လာသော ယာဉ်အမှတ်-တိုယိုတာ ဒိုင်နာအပြာရောင်ယာဉ်သည် ၇၈လမ်းအတိုင်း မြောက်မှ တောင်သို့မောင်းနှင်လာစဉ် ခင်စောမူကွေ့ ဆီးဘန်နီဘုန်းကြီးကျောင်းအနီးအရောက်တွင် အရှိန်မထိမ်းနိုင်ဘဲတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် ခရီးသည်(၁၀)ဦးလိုက်ပါလာခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်အရှေ့ပိုင်းနှင့် ယာဘက်ပိုင်းတို့မှာ ပိန့်ချိုင့်ပျက်စီးခဲ့ကာ ယာဉ်မောင်းသူအပါအ၀င် ယာဉ်ပေါ်ပါ ခရီးသည်(၆)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိကြသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသရသူများမှာ ယာဉ်မောင်း ဦးထိန်ဝင်း (ပြည်ကြီးတံခွန်မြို့နယ်၊ သီတာအေးရပ်) ဦးခေါင်းထိပ်ဖုရောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုသက်ခိုင်ဝင်း(မြင်းမူမြို့နယ်၊ လည်ပင်ကျေးရွာ) နဖူးပေါက်ပြဲ၊ယာပါးပွန်းဒဏ်ရာ(မစိုးရိမ်ရ)၊ မလှလှဝင်း(မြင်းမူမြို့နယ်၊ လည်ပင်ကျေးရွာ) နဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုကျော်ကျော်သန်း(ချမ်းမြသာစည်မြို့နယ်၊မြို့သစ်) ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ မမာမာဝေ(ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်) ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့် မနွယ်နွယ်စိုး(ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်) ၀ဲနဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်မှုစစ် ရဲအုပ်ကျော်မန်းက အမှတ်(၉)ရဲစခန်းတွင် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ပြီး ယာဉ်(ပ)၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇၊၃၃၈အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြက်သစ်ခိုင်
မန္တလေး မဟာအောင်မြေမြို့နယ် ၇၈လမ်း၊ ၄၂လမ်းနှင့် သိပ္ပံလမ်းကြား ခင်စောမူကွေ့ ဆီးဘန်နီဘုန်းကြီးကျောင်းအနီးတွင် ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အမှတ်(၂၅)ယာဉ်လိုင်းအသင်းမှ ဦးထိန်ဝင်းမောင်နှင်လာသော ယာဉ်အမှတ်
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသရသူများမှာ ယာဉ်မောင်း ဦးထိန်ဝင်း (ပြည်ကြီးတံခွန်မြို့နယ်၊ သီတာအေးရပ်) ဦးခေါင်းထိပ်ဖုရောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုသက်ခိုင်ဝင်း(မြင်းမူမြို့နယ်၊ လည်ပင်ကျေးရွာ) နဖူးပေါက်ပြဲ၊ယာပါးပွန်းဒဏ်ရာ(မစိုးရိမ်ရ)၊ မလှလှဝင်း(မြင်းမူမြို့နယ်၊ လည်ပင်ကျေးရွာ) နဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုကျော်ကျော်သန်း(ချမ်းမြသာစည်မြို့နယ်၊မြို့သစ်) ၀ဲဂျိုစောင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ မမာမာဝေ(ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်) ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့် မနွယ်နွယ်စိုး(ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်) ၀ဲနဖူးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်မှုစစ် ရဲအုပ်ကျော်မန်းက အမှတ်(၉)ရဲစခန်းတွင် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ပြီး ယာဉ်(ပ)၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇၊၃၃၈အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြက်သစ်ခိုင်
posted from Bloggeroid
No comments:
Post a Comment