ပဲခူးတိုင်ဒေသကြီး သာယာဝတီမြို့နယ် လှည်းလမ်းကျေးရွာအုတ်စု၊ဝဲအဝီယာကျေးရွာအနီးရှိ (ဒေသအခေါ်)ငါးဘတ်အိုင်တဲကုန်းတွင် ၂၄.၂.၂၀၁၆ရက်နေ့ ညနေ ၇း၃၀အချိန်းခန့်တွင် သာယာဝတီမြို့မရဲစခန်းအပိုင် သုံးဆယ်ဆည်အတွင် သုံးဆယ်ဆည်ရဲကင်းမှ လိုင်စင်မဲတူမီးသေနတ်များ တွေရှိသည်ဟုသတင်းပေးတိုင်တန်းချက်အရ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲဝင်များသည် ငါးဘတ်အိုင်တဲကုန်းတွင်နေထိုင်သူ

သန်ဇော်(ခ)ကရင် (29)နှစ်(ဘ)ဦးတင်လှ နေအိမ်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်တဲဘေးအတွင်မှ ကိုယ်ထည်နှင့် ပြောင်းအရှည် ၅ပေခန့် တူမီးသေနတ်တစ်လက်နှင့် ကိုယ်ထည်နှင့် ပြောင်းအရှည် ၄ပေ ၈လက်မခန့် တူမီးသေနတ်တစ်လက်တို့အား လိုင်စင်မဲ့သေနတ်များအဖြစ် စစ်ဆေးတွေရှိသဖြင့် သာယာဝတီမြို့မရဲစခန်းမှ (ပ)၅၅/၂၀၁၆ဖြင့်အမှုဖွင်ပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီ အမှုအား ဒုရဲအုပ်ဝင်းဌေးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲတာဝန်ရှိသူတစ်ဦးမှ DVBသို့ပြောပါတယ်
သတင်းပေးပို့သူ ဝဏ္ဏထွန်း

posted from Bloggeroid
No comments:
Post a Comment