
မင်းလှခံတပ် ရေတိုက်စားမှုကို ကာကွယ်နိုင်သည့် လက်ပံပင်ကြီး သင်းသတ်မီးရှို့ခံရ
============================
============================
မကွေးတိုင်း၊ မင်းလှမြို့နယ်က သမိုင်းဝင်မင်းလှခံတပ်ဟာ မြစ်ရေတိုက်စားခံရတဲ့ အန္တရာယ် ကြုံနေရပါတယ်။
ရေတားနံရံတွေ တည်ဆောက်ထားပေမယ့် မလုံလောက်သေးတဲ့အခြေအနေမှာပဲ သဘာဝ အရံအတား တခုဖြစ်တဲ့ အရှေ့ဘက်မျက်နှာစာက သက်တမ်းရင့် လက်ပံပင်ကြီးဟာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဌာနတခုက လုပ်တယ်လို့ပဲ ပြောနိုင်ပါတယ်။ ဖေဖော်ဝါရီ လလယ်လောက်က သင်းသတ်တဲ့အပြင် မီးနဲ့ပါမြှုက်လိုက်တာပါ။ မြို့ခံတွေ၊ ရပ်မိရပ်ဖတွေမသိလိုက်ကြဘူး။ သိရတဲ့အခါတော့ မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူးလေ” လို့ မြို့ခံ ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။
ဒီအကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၊ ဒီဗွီဘီနဲ့ သတင်းဌာန တချို့က ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အထက်မင်းလှမြို့ကို မကွေးတိုင်းဝန်ကြီးချုပ် လာမယ်လို့ သတင်းရတဲ့အချိန်မှာတော့ သင်းသတ်ထားတဲ့ နေရာကို ရွှံ့နဲ့ မံပြီး ထုံးသုတ်ထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အပင်ကတော့ သေသွားပြီလေ။ ဘာမှမတတ်နိုင်တော့ဘူး။ ဒီအတွက် ဘာလုပ်ပေးမှာလဲပဲ သိချင်တယ်။ ရေတားနံရံတွေ လုပ်ဖို့လိုမှာပါ” လို့ ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။
လက်ရှိမှာောတ့ မင်းလှ ခံတပ်ကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။
ခရစ်နှစ် ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ မင်းလှခံတပ်ဟာ အခုဆိုရင် နှစ်ပေါင်း ၁၅၆ နှစ်ရှိနေပြီဖြစ်ပါတယ်။
ဓာတ်ပုံ-ရဲထွန်းဇော်
===================
ပိုင်စိုး
DVB TV News
http://burmese.dvb.no/archives/137309

posted from Bloggeroid
No comments:
Post a Comment