မန္တလေးတွင် ၅၉ (စ) ပြင်ဆင်ရေး ထောက်ခံသူနှင့်မထောက်ခံသူ Debate ပြုလုပ်မည်
------------------------------------------
၅၉ (စ) ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ထောက်ခံသူနှင့်မထောက်ခံသူ စကားစစ်ထိုးပွဲ(Debate)ကို မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ 88 ကဖေးတွင် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားရန် စီစဉ်နေကြောင်း ယင်းပွဲဖြစ်မြောက်ရေးစီစဉ်သူ ဦးညီညီကျော်က ပြောကြားသည်။
အဆိုပါပွဲတွင် ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးဘုန်း (ဓါတု)တို့က စကားစစ်ထိုးကြမည် ဖြစ်ကြောင်း၊ ပြည်သူများအကြား ရေပန်းစားနေသည့် အကြောင်းအရာများကို ဦးစားပေးရွေးချယ်ခြင်းဖြစ်သဖြင့် စကားစစ်ထိုးပွဲ ပထမဆုံးအကြိမ်ကျင်းပရာတွင် ၅၉ (စ)နှင့်ပတ်သက်၍ ရွေးချယ်ထားခြင်း
ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။
ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူများအနေနှင့် အမြင်မတူမှုများအကြား လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည့် ဒီမိုကရေစီဓလေ့များ ထွန်းကားစေရေးအတွက် စကားစစ်ထိုးပွဲများကို
နှစ်ပတ်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းသို့ စီစဉ်ရာတွင် ပါဝင်သည့် Civic Educator ဦးသူရိန်ရွှေက ပြောကြားသည်။

posted from Bloggeroid
No comments:
Post a Comment