Saturday, February 27, 2016

တစ်ကိုယ်တော်စက်ဘီးစီးမည်

အယ်လ်နီညိုအကြောင်း ပညာပေးရင်း မန္တလေးမှ မြစ်ကြီးနားသို့ တစ် ကိုယ်တော် စက်ဘီးစီးမည်
-------------------------

ရာစုနှစ်အတွင်း အပူဆုံးနှစ်ဟု သတ်မှတ်ထား
သည့် ယခုနှစ်သည် အယ်လ်နီ ညို၏ရိုက်ခတ်မှု ခံရမည့်နှစ်ဖြစ်သဖြင့် အယ်လ်နီညိုအကြောင်းနှင့်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ
ကို ပညာပေးဆွေးနွေးရန်အတွက် မန္တလေးမြို့မှ
မြစ်ကြီးနားမြို့သို့ တစ်ကိုယ်တော်စက်ဘီးစီးမည်
ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်မည့် ဦးဟိန်းရာဇာ
(ကဗျာဆရာ မောင်သုည)က ပြော ကြားသည်။

လမ်းတစ်လျှောက်ရှိ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ မိုးညှင်း စသည့်မြို့များတွင် ရပ်နားသွားမည်ဖြစ်ပြီး ယင်းမြို့ဒေသခံများနှင့် အယ်လ်နီညိုအတွက် မည်သို့ ပြင်ဆင်ထား
ကြသင့်သည်များကို ဆွေးနွေး သွားမည်ဖြစ်
ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ ရည်ရွယ်ချက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဖို့ရယ်၊ စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့အတွက်ရယ်ပါ ” ဟု ၎င်းက ဆိုသည်။

အဆိုပါလှုပ်ရှားမှုကို မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းခရီးစဉ်
အပြီးတွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်များထံ
သို့ ၎င်း၏ ကဗျာစာအုပ်ရောင်းချရငွေ ကျပ် ၁၅သိန်း
ခန့်ကို လှူဒါန်းသွား မည်ဖြစ်ကြောင်း ၎င်းကထပ်မံ
ပြောဆိုသည်။
(The Voice Eeekly)

posted from Bloggeroid

No comments:

Post a Comment