Saturday, February 20, 2016

ကမ္ဘာ့လူဦးရေ ၆၆ ရာခိုင်နှုန်း ရေပြတ်လပ်မှု တစ်လကြာ ကြုံရနိုင်

===================
===================

ယခုနှစ်မှာ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် ပူပြင်းခြောက်သွေ့မှု အဆိုးဆုံး ရာသီဥတုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ရေပြတ်လပ်မှု အန္တရာယ်ဟာ သိပ္ပံပညာရှင်တွေ မူလက ထင်ထားခဲ့တာထက် ပိုဆိုးနေကြောင်း သုတေသန ရလအသစ်က ဆိုပါတယ်။

ကမ္ဘာ့လူဦးရေ ၄ ဘီလီယံ (၆၆ ရာခိုင်နှုန်း) ဟာ ယခုနှစ်အတွင်း သန့်ရှင်းတဲ့ရေ လုံလောက်စွာ မရရှိတဲ့ အခြေအနေကို အနည်းဆုံး တစ်လကြာ ကြုံတွေ့ရနိုင်ကြောင်း သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) က ထုတ်ဝေတဲ့ Science Advances ဂျာနယ်မှာ ဖော်ပြပါတယ်။

ယခင် ပြုလုပ်ခဲ့တဲ့ သုတေသနများအရ ယခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၁.၇ ဘီလီယံမှ ၃.၁ ဘီလီယံအတွင်း ရေပြတ်လပ်မှု တစ်လကြာ ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ သုတေသနအသစ်ကို နယ်သာလန်နိုင်ငံ တွမ်တီးတက္ကသိုလ်မှ ဒေါက်တာ အာဂျန် ဟိုးခ်စထရာ ဦးဆောင်တဲ့ အဖွဲ့က ပြုလုပ်ခဲ့တာပါ။

ရေပြတ်လပ်မှု ကြုံတွေ့ရတဲ့ အကြောင်းအရင်းများအနက် ကမ္ဘာ့ရေအရင်းအမြစ် ထုတ်ယူသုံးစွဲမှု ၂ ဆအထိ မြင့်တက်လာမှုလည်း အပါအဝင် ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ရေပြတ်လပ်မှု ကြုံတွေ့ရတဲ့ လူဦးရေပမာဏ ထက်ဝက်ဟာ လူဦးရေ အများဆုံးဖြစ်ပြီး ရေသုံးစွဲမှု မြင့်တက်နေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှဖြစ်ကြောင်း သုတေသနက ဖော်ပြပါတယ်။ ယခုနှစ်မှာ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် ပူပြင်းခြောက်သွေ့မှု အဆိုးဆုံး ရာသီဥတုကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

============

Duwun

posted from Bloggeroid

No comments:

Post a Comment