မန္တလေးမြို့အခြေစိုက် ဓါတ်ပုံပညာရှင်ကြီးများ ပထမဆုံးအကြိမ် ပူဇော်ကျင်းပမည်
မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးမြို့အခြေစိုက် ဓါတ်ပုံပညာရှင်ကြီးများ ပထမဆုံးအကြိမ် ပူဇော်ပွဲ ကို မတ်လ ၂၇ ရက်နေ့ မန္တလေးဓါတ်ပုံအသင်း(၂၇ )ကြိမ်မြောက်နှစ်ပတ်လည်ဆုပေးပွဲနှင့်အတူ ကျင်းပမည်။
"ဓါတ်ပုံပညာရှင်ကြီးများ၏ သင်ဆရာမြင်ဆရာဂုဏကျေးဇူးများ ကျေးဇူးသိတဲ့အနေနှင့် ကန်တော့မှာဖြစ်ပါတယ်။ဒီလိုကန်တော့ပွဲကို နှစ်စဉ်ကျင်းပါ။"ဟု အသင်းဥက္ကဌ ဦးစောအောင်မင်းက မန္တလေးနေ့သို့ပြောသည်။
အဆိုပါ ဓါတ်ပုံပညာရှင်ကြီးများ ပူဇော်ပွဲတွင် အသက် ၇၀နှစ်နှင့်အထက်မန္တလေးအခြေစိုက်ဓါတ်ပုံပညာရှင်
ကြီးများ အားပူဇော်ကန်တော့မည်ဖြစ်ရာ ကန်တော့များဓါတ်ပုံပညာရှင်ကြီးများအနေဖြင့် မတ်လ(၁၅)ရက်နေ့နောက်ဆုံးထားပြီမန္တလေးဓါတ်ပုံအသင်း ဥက္ကဌ ဦးစောအောင်မင်း ( နယူးအာရှ)၀၉၂၀၂၇၅၅၆ ။ ဒုဥက္ကဌ ဦးခင်မောင်ချို (KMC)၀၉၂၀၀၇၆၅၄အတွင်းရေးမှူးဦးသီဟဝင်း၀၉၂၀၂၆၃၅၆ နှင့် ဆက်သွယ်နိုင်ပါရန်နှင့် အလှူ ငွေများ ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်းသိရသည်။
ရွှေမန်း(မန္တလေးနေ့စဉ် )

posted from Bloggeroid
No comments:
Post a Comment