ကွာလာလမ်ပူမြို့မှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားနိုင်ဟု သြစတြေလျး သတိပေး
===================
===================
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ အနီးတစ်ဝိုက်မှာ အကြမ်းဖက် တိုက်ခိုက်ရန် ပြင်ဆင်ထားဖွယ်ရှိကြောင်း သြစတြေလျးအစိုးရက ယနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) မှာ သတိပေး

ပြောကြားလိုက်ပါတယ်။
အနောက်တိုင်းနဲ့ အနောက်နိုင်ငံသားတွေ စိတ်ဝင်စား သွားရောက်လေ့ရှိတဲ့ နေရာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း သြစတြေးလျ အစိုးရက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း သြစတြေးလျရဲ့ သတိပေးချက်ကို အသိအမှတ်ပြုကြောင်းနဲ့ မလေးရှား တာဝန်ရှိသူတွေ အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပစ်မှတ်ဖြစ်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
============
Duwun

posted from Bloggeroid
No comments:
Post a Comment