Zero Discrimination Day အခမ်းအနား နှင့် ကိုယ့်အားကိုယ်ကိုးအဖွဲ့များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာစီမံကိန်း အကြောင်း အခမ်းအနားကျင်းပ
**
မတ်လ ၁ ရက်၊ မန္တလေး
စက်ထွန်း
အေ့စ် HIV နှင့် ရှင်သန်နေထိုင်သူများအား ခွဲခြားဆက်ဆံခံရခြင်း လုံးဝ မရှိရေးအတွက် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးမြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပသည်။
HIV ဖြစ်နေတဲ့ သူတွေကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်နေခြင်းဟာ ခွဲခြားဆက်ဆံခြင်းကို လျော့ချစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး၊ ဒီအချက်ကို အသိပညာပေးခြင်း၊ ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများ၏ ဖော်ပြချက်တွေ ကွဲလွဲနေပါက ပူးပေါင်းအသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားဖို့ ဝိုင်းပြီး ကူညီကြရန် တိုင်းခုခံအားကျ၊ ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ဆက်လက်ပြီး MPG ဒုဥက္ကဌ စိုင်းဟတ်ခေး က အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားရာတွင် ဘာသာရေး၊ ကျားမ၊ အသက်အရွယ်ပေါ် မူတည်တာ မဟုတ်ဘဲ အားလုံးဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်နိုင်ရေးကို ရည်ညွှန်းကြောင်း၊ လိပ်ပြာအမှတ်တံဆိပ်ကို Zero Discrimination စာသားနဲ့အတူ သုညအဆင့်ထိ ခွဲခြားဆက်ဆံခံခြင်း လျော့ချသွားရန်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် MPG အကြီးတန်း စီမံချက်အရာရှိ ဦးမင်းဆန်းထွန်းက ပြင်သစ်အစိုးရ၏ ရံပုံငွေ 5% Initiative Project အကြောင်း ရှင်းပြပြီး၊ HIV ဆိုင်ရာအဖွဲ့များ အားကောင်းလာစေရန် ပြုလုပ်ရမည့် စီမံချက်များဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

posted from Bloggeroid
No comments:
Post a Comment