Saturday, February 20, 2016

မြန်မာပြည့်ကအသက်အငယ်ဆုံးအလုပ်သမားကွာ



အခုရက်ပိုင်းမှာ အသက် ၅နှစ်အရွယ် သူငယ်တန်းကျောင်းသား
တယောက် ကားဝပ်ရှော့မှာ အလုပ်လုပ်နေပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာနေပါတယ်။
-
အသက်အငယ်ဆုံး ၀ပ်ရှော့ဆရာလို့ တချို့ကဆိုပါတယ်။
-
အင်တာနက်ပေါ်မှာ တချို့ကတော့ ကလေးအလုပ်သမား ကိစ္စကို မေးခွန်းထုတ်ကြပါတယ်။ ဒီကလေးဟာ မြိတ်မြို့မှာ ကျောင်းတက်နေရင်း
နဲ့ ဦးလေးဖြစ်သူဆီမှာ ၀ပ်ရှော့ပညာသင်ယူလုပ်ကိုင်နေတယ်လို့ ရေးသားချက်တွေအရ သိရပါတယ်။
-
ဒီအကြောင်း ပျံ့နှံ့နေမှုနောက်မှာ ကျောင်းတက်ရင်း အလုပ်လုပ်နေသူ ကလေးငယ်နဲ့ ပတ်သက်ပြီး အားပေးသူ၊ ပံ့ပိုးကူညီလိုသူတွေ ရှိသလို ကလေးလုပ်သား ပုံစံအမျိုးမျိုးရှိတဲ့အထဲမှာ ခုလို ၅နှစ်ဆိုတဲ့ အရွယ်နဲ့
မလိုက်အောင် အန္တရာယ်များတဲ့ လုပ်ငန်းခွင်ထဲ လုပ်ကိုင်နေမှုကို ဝေဖန်ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။
========
DVB Youth Voice

posted from Bloggeroid

No comments:

Post a Comment