မန္တလေး မဟာမုနိ ဘုရား ကြီး နှင့် မြန်မာနိုင်ငံ ပုံရိပ်
နိုင်ငံ သားများ ပုံရိပ် Image. ထိခိုက် ဆိုး ဝါး သော အ ကြောင်း များ
ကျ နော် ဟာ မန္တလေး သား ဖြစ် ပြီး မန်းလေး မှာ ပဲ နေထိုင်သူ ဖြစ် ၍ မဟာမုနိ ဘုရား ကြီး သို့  မကြာခန ဖူးမျှော်ကန်တော့ ဝတ်ပြု ဖို့ မကြာခဏ ရောက် ပါတယ်
ဘုရားကြီး မျက် နှာ တော် ကောင်းစွာဖူး မျှော်လို့ ရ သော အနီးဆုံးနေရာ မှ နေ ပြီး ဝတိပြု သည့် အခါ တိုင်း
စိတ် မသက်သာ ဖြစ် ရသည့် မြင်ကွင်း များ အသံ များ အမြဲ ကြား ရ၍ ကြည်လင်နေ သော စိတ် ကလေး ထိခိုက် ညစ် ညူး ရတဲ့  အပြင် နိုင် ငံ နှင့် လူ မျိုး ပုံ ရိပ် ကို ထိခိုက် စေ တယ်လို့ ယူ ဆပြီး ဝင်ရောက် ပြော ဆိုလို စိတ် ဖြစ်ဖြစ် လာပါ တယ်
နိုင်ငံခြားသား များ တ နေ ကုန် ဝင်ရောက်လည်ပတ် လေ့လာ သော နေရာ တွင် ၎င်း နိုင်ငံခြားသား များ နှင့် ထိတွေ့  ဆက် ဆံ ရ သော နေ ရာ တွင် တာဝန် ကျ သူ များ ကို အင်္ဂလိပ် စာကောင်းစွာ တတ် သော သူ များ ကို သာ နေရာချ တာဝန် ပေးအပ် သင့် ပါ တယ်
ရုပ်ပွား တော် မြတ် ကို အမှတ် တရ ဓာတ်ပုံရိုက် သော နိုင်ငံခြားသား အား လုံး ကို
အပြုံးကင်း သော ခက်ထန် တင်းမာ သော မျက် နှာ ထား နဲ့  အမိန့် ပေး သလို "စစ် ဒေါင်း " စစ်ဒေါင်း" sit down နဲ့  ပခုံး ကိုင် ပြီး ဖိ ချ ထိုင်ခိုင်း ပါ တယ်
အပြောခံရ သော နိုင်ငံခြား မှ ကြောင် ပြီး ပြန် ကြည့် တဲ့ အခါ လည်း မျက်နှာ ထား မာ မာ နဲ့  စစ်ဒေါင်း ဟု အပြော ခံရ သဖြင့် မ ကြေလည် သော မကြိုက်သော စိတ် မသက်သာ ဖြစ် သော ခံစား ချက် များ ဖြင့် ထိုင် လိုက် ကြရ ပါတယ်
မိမိ တို့ နိုင် ငံ အတွင်း သို့  နိုင်ငံခြား ဝင်ငွေ လာ ရောက် ပေး ကြ သော နိုင် ငံ ခြားသား ဧည့်သည် များ အပေါ် လှိုက် လှဲ ဖော်ရွှေ သော အပြုံး များ ဖြင့် မကြို ဆို နိုင် ကြ ဘူး လား ဗျာ
ဘာကိစ္စ ကို ပဲ ပြော ပြော လူ့ ယဉ်ကျေး မှု့  ထုံး စံ ကို လိုက် နာ သော အား ဖြင့် မ ပြော ခင် Pleaseကျေးဇူးပြု၍ . ဆို သော စကား လေး တခွန်း ကို အပြုံး ပန်း ဆင် ပြီး ချိုသာ အေး ဆေး သော အသံ အမူ ယာ နဲ့  ပြော ဆို ရ မယ်
ဆို တဲ့  အသိ တရား လေး တောင် မှ မရှိ ဘူး လား ဗျာ
သက်ဆိုင် ရာ တာဝန် ရှိ ဂေါပက လူ ကြီး မင်း များ မှာ လဲ နိုင်ငံခြား သား များစွာ နေ့ စဉ် ဝင် ထွက် သွား လာ နေ သော နေ ရာ တွင် မိမိ တို့ နိုင်ငံ ပုံရိပ်ကို မမြှင့်တင် နိုင် တောင်မှ မထိ ခိုက် အောင် စီစစ် စီမံခန့် ခွဲ မှု့ လုပ် ဖို့  အ တွေး ခေါ် မြှော် မြင် မှု့  ရှိ စေ ချင် ပါ တယ်
ကျနော် တို့ နိုင် ငံ ထက် များစွာ ခေတ် မှီ ချမ်းသာ ဖွံ့ ဖြိုး ပြီး ဂျပန် ကို အမှီ လိုက် နေသော တောင်ကိုရီးယား နိုင်ငံ မှာ ကျ နော် ဧည့်လုပ်သား အဖြစ် နေ ထိုင် အလုပ် လုပ် စဉ် ကာလ အားလပ်ရက်များတွင် ကိုရီးယားနိုင်ငံ အမှတ်တရ နေရာ များစွာ ကို သွားလာ လည်ပတ် ခဲ့ပါ တယ်
ရောက်ရာ နေရာဌာန မှာ တာဝန် ကျပုဂ္ဂိုလ်များ မှ လှိုက်လှဲ ပြူ ငှါ ချိုသာ သော အပြုံး များ နဲ့ ကြို ဆို ကြပါတယ်
သိလို ၍ မေးမြန်းသည့် အခါတိုင်း လဲ အပြုံးများနှင့် စိတ်ရှည် ရှည်ထား ရှင်းပြပါတယ်
တားမြစ်မှု့ ရှိသော နေရာ ကိစ္စ များ ကို ပြောပြတားမြစ် သော အခါတွင်လည်းသာယာချိုသာသော အသံ ပြုံးချိုသောမျက်နှာထားဖြင့် အသိပေး ပြောကြားပါတယ်ဒါဟာ သူတို့ နိုင်ငံ ပုံရိပ်ကို မြှင့်တင် တည်ဆောက်နေကြတာပါ
ကျနော် တို့ နိုင်ငံ ဟာ ကမ္ဘာ့ အဆင်း ရဲ ဆုံး နိုင် ငံ စာရင်း မှာ ရှိ သော ကြောငိ့
လာရောက် လည် ပတ် သူ နိုင်ငံခြား သား ဧည့် သည် များ ဟာ မိမိ တို့ နိုင် ငံ ထက် ချမ်းသာကြွယ် ဝ ခေတ် မှီ တိုး တက် သော နိုင်ငံများ မှ လာ ရောက် ကြသော ဧည့်သည် တော် များ ကို နွေးထွေး လှိုက် လှဲ ပြူ ငှါ ချေ ငံသာယာ စွာ ဆက် ဆံ ပေးခြင်း
ကောင်း မွန် သော ဝန် ဆောင် မှု့ ပေး ခြင်း ဖြင့် ချွတ် ခြုံကြ လောက် အောင် ဆင်း ရဲ နေ တဲ့  နိုင် ငံ တော် ရဲ့ ပုံရိပ် ကို အဖက် ဖက် မှ တည် ဆောက် မြှင့် တင် နိုင် စေ ချင် ပါ တယ်
ကိုယ့်နိုင်ငံ အတွက် ဒေါ် လာ ဝင် ငွေ တွေ ပေး အပ် ဖို့  ရောက် လာ တဲ့  နိုင်ငံခြား သား ဧည့်သည် များ ဝင် ထွက် လည် ပတ် ရာ နေ ရာ ဌာန တိုင်း ကို သေ ချာ စီစစ် ပြီး ကောင်း မွန် သော စီ မံခန့် ခွဲ မှု့  လုပ် ဆောင် ဖို့  နိုင်ငံ တဝှမ်း မှာ လို အပ် တယ် လို့  ထင်မြင် ယူ ဆ ပါ တယ်
မီဒီ ယာ သမား များ ဒါ ကို သိမြင် ထောက် ပြ နိုင် ရင် ကောင်း မှာ ပဲ လို့  မျှော် လငိ့ ရင်း
ကျနော် ကိုယ် တိုင် သတင်း ထောက် လုပ် လို စိတ် ဖြစ် ဖြစ် လာ တယ် ဗျာ

posted from Bloggeroid
No comments:
Post a Comment