Monday, February 22, 2016

ဒုက္ခသည်စခန်း

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ရာလ်မှုန်အားကစားကွင်းရှိဒုက္ခသည်စခန်းတွင် သောက်သုံးရေအခက်အခဲဖြစ်နေပါတယ်။ ဒုက္ခသည်စခန်းတွင်လူဦးရေ ၇၄၀ခန့်ရှိပြီး ကလေးတွေလည်းများစွာပါဝင်ပါတယ်။ ဒုက္ခသည်အားလုံးက မြို့ဟောင်းရပ်ကွက်ကလူတွေချည်းဖြစ်ပြီး မြေပြိုတာ ၆လဝန်းကျင်ရှိလာသော်လည်း နေထိုင်စရာ နေရာအတည်တကျမရရှိသေးဘူးလို့သိရပါတယ်။ မူလနေရာက လုံးဝနေလို့မရတော့သလို သက်ဆိုင်ရာကလည်းနေထိုင်ခွင့်မပြုဘူးလို့သိရပါတယ်။ အစားအသောက်အတွက်ကတော့ နိုင်ငံတကာအလှုတွေရှိသလို၊ အစိုးရအထောက်အပံ့တွေနဲ့လက်ရှိအထိတော့အဆင်ပြေနေသေးတယ်လို့သိရပါတယ်။ ဒုက္ခသည်တွေအတွက်အဓိကအခက်အခဲကတော့ သောက်သုံးရေအခက်အခဲဖြစ်နေပြီး ရှေ့ဆက်ရာသီဥတုပူပြင်းလာတဲ့အတွက် ပိုပြီးခက်ခဲနိုင်တယ်လို့ပြောပါတယ်။ ရေက ၂ရက်မှတစ်ခါလောက်လာပြီး လာချိန်ကလည်းနာရီပိုင်းသာဖြ

စ်လို့ အလုအယက်ခပ်ပြီးလှောင်ထားရတယ်လို့ပြောပါတယ်။ဟားခါးနဲ့ ၇မိုင်ခန့်အကွာ သီမစ်ရွာအထက်ဖက်ရှိ သီမစ်ချောင်းကိုတော့ ရေရရှိရေးအတွက်သက်ဆိုင်ရာကဆောင်ရွက်နေတယ်လို့သိရပါတယ်။
အောင်ကိုလတ်
၀၉၂၅၆၄၁၂၉၇၂
ဗွီဒီယိုဖိုင် လိုင်းအဆင်ပြေတာနဲ့ပို့ပေးပါမယ်။

posted from Bloggeroid

No comments:

Post a Comment