Monday, February 1, 2016

အမရပူရက ကမ္ဘာကျော်

ကျိမ်စာသင့်နေသောမိုးကုတ် သို့မဟုတ် ပတ္တမြားရတနာမြေ

ကျွန်တော်တို့မြန်မာနိုင်ငံ မှကမ္ဘာကအသိအမှတ်ပြု ပတ္တမြားမြေးမိုးကုတ်မြို့ဟာ ဒေသခံတွေ တစိပိုင်တစ်
နိင်လုပ်စားပိုင်ခွင့်ရရှိခဲ့သည့်အချိန်က ဘယ်သူကကျေက်ကောင်းရရှိတယ် ဘယ်သူကဘယ်အမျိုးရတနာ
တွေရတယ်ဆိုတာ ဒေသခံတွေရဲ့ ထာပွဲဈေးအတွင်းမှ မိုးကုတ်ထွက်ကျေက်မျက်တွေ ကိုတွေ့မြင်ရတာ
မိုးကုတ်ထွက် ကျေက်မျက်ရတနာဆို လူတိုင်ကြိုက်သည်အရာဖြစ်လာပါတယ် အခုခေတ် ဒေသခံတွေ
လုပ်စားခွင့်မရှိ ကျက်မျက်ဥပဒေအရပိတ်လိုက်သည့် အချိန်မှတော့ မိုးကုတ်ထွက်ကျေက်မျက်တွေမရှိ
တော့ဘူး လက်ရှိ မိုးကုတ်မှရောင်းချနေကြသော ကျောက်တွေဟာ မိုးကုတ်မြို့က ကျောက်တွေမဟုတ်
ပါဘူး ကျိမ်းစာသင့်သွားသောမိုးကုတ်ကျောက်မျက်တွေ မိုးကုတ်ကျေက်အတုတွေ ဖြစ်ပေါ်လာရတာ
အလွန်ဝမ်းနည်စရာ တစ်ခု မိုးကုတ်ကျောက်မဟုတ်ဘဲ နေ့စဉ် မိုးကုတ်ကျောက်အဖြစ် ထာပွဲအတွင်းက
လုပ်စားနေသူတွေ မိုကုတ်ကျောက်မျက်ကိုကုမ္ပံဏီတွေ အပိုင်းစီးသွားပြီလား ဒေသခံတွေဘာတွေလုပ်
စားနေလည်း ရွေးပြောင်းအလုပ်သမားများဘဝ ရောက်နေတာဟာ အဆိုပါဒေသမှ အလုပ်မရှိသဖြင့်
နေပြည်တော် မှ ပြန်လည်ဝယ်ယူပြီး မိုးကုတ် ကျောက်မျက်ဈေးကွက်အတွင်း လုပ်စားနေကြရတာတွေ
ကိုလေ့လာတွေ့ရှိခဲ့ရပါတယ် သာဘဝသယံဇာတတွေ ဘယ်ရောက်ကုန်ပြီလဲ မိုးကုတ်မြို့ရဲ့ရတနာတွေ
အခုတော့ ကျိမ်စာသင့်နေပြီလား နေခတ် ခဲလှသောမိုးကုတ် အိမ်သာတွင်းတူးမယ်ဆိုရင် ကျောက်မျက်
ဥပဒေနဲ့ ညိနိုင်သောနေရာ ရေတွင်းတူးမယ်ဆို ခွင့်ပြုချက်ယူရသောမိုးကုတ် ရတနာတွေ ဒေသခံတွေ
အတွက် မဟုတ်တော့သည့် မိုးကုတ် တောင်ယာတွေ လုပ်စားမရရှိတော့သည့် သစ်တော့ဥပဒေကြောင့်
နိုင်ငံရပ်ခြား နယ်ဆက်ဒေသတွေအထိသွားရောက်လုပ်ကိုင်စားသောက်နေကြရသူတွေ တိုင်းရင်းသား
ညီအကိုမောင်နမတွေရဲ့ လက်တွေ့ရင်ဆိုင်နေကြရသောအခတ်အခဲတွေရှိနေတာကိုလည်လေ့လာတွေ
ရှိရပါတယ် "ဥပမာ " ပြောရရင် မိုးကုတ်ကျောက်တွေဘာကြောင့် ပျေက်သွားတယ်ဆိုရင် ဒေသခံတွေ
လုပ်စားခွင့်မရှိလို ကျိန်စာသင့်၍ရှားပါးလာတာလား ဒါမှမဟုတ် အာဏာရှင်းတွေနဲ့ခရိုနီတွေ ကျောက်
လုပ်ကွက်တွေ အပိုင်းစီးသွားလို့  မိုးကုတ်ဒေသကြီး ဘောင်ခတ်ခံထားရပြီလား"
ဒီလိုတွေ ကျောက်လုပ်ကွက်နေရာတွေအားလုံး သူတို့လုပ်စားခွင့်ရသလို ဒေသခံတွေအတွက်တစ်ပိုင်
တစ်နိုင် လုပ်စားခွင့် ပြန်ပေးလာမယ်ဆိုရင် ကျိန်စာတွေပြေပျောက်သွယ်မိုးကုတ်ဖြစ်လာနိုင်ပါတယ်
ကျောက်မျက်ဥပဒေဟာ မြန်မာလူမျိုးဗုဒ္ဒဘာသာအထဋ်အမြတ်ထားရှိသော သံဃာတော်တစ်ပါးဖြစ်
သူရေပူဆရာတော်တောင် ထောင်ချအရေးယူအမှု့ဖွင့်နေရသည် ကိစ္စတွေလက်ရှိ မိုးကုတ်မြို့ကြီးမှ
ဖြစ်ပွားခဲ့ပါတယ် အလားတူ ၂၀၁၃ ခုနှစ်က ရတနာရွှေဆိုင်တစ်ဆိုင်ကိုသေနတ်ဖြစ် ဝင်ရောက်အကြမ်း
ဖက်မှု့ဖြစ်ပွားလာတာတွေ ဟာ ဒေသခံတွေ အလုပ်အကိုင်မရှိသည့်အဓိကပြသာနာဖြစ်ပါတယ်
နောက်တစ်ချက်ကတော့ ဒေသခံအမျိုးသမီးတိုင်ရင်းသူလေးတွေ တရုတ်နိုင်ငံမှအငှားမယာအဖြစ်
အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်လို့ ဘဝပျက်ကာ နေကြရတာတွေရှိသလို တခြားဒေသမှအလုပ်
သွားရောက်လုပ်ကိုင်ခဲ့လို့ ကိုယ်အိမ်ကိုပြန်ရောက်လို ငွေများများပါလာလို့  ဥပဒေဘောင်းအတွင်းက
ကျောက်မျက်အရောင်းအဝယ်လုပ်ပါတယ်ဆိုသော ခြိမ်းခြောက်ကာ ငွေတောင်ပြီ မလိုအပ်ဘဲ သေနတ်
ဖောက်သည့် ရဲတပ်ဖွဲ့စခန်းမှူလို လူမသိလိုက်ရသည်အမှု့တွေ ဘယ်လောက်ဖြစ်ပွားခဲ့တယ်ဆိုတာ
မသိရပါဘူး ၁၈ ၁၁၂၀၁၅က ပိန်းပြစ်ကျေးရွာဒေသရဲစခန်းမှူးနှင့်ရဲတပ်သား ၃ ဦးတို့၏လုပ်ရက်တွေဘဲ
အရေးယူဖို့ဆောင်ရွက်ဆဲဘဲရှိသေတယ် မသိလိုက်ရသည့် နယ်မြေအတွင်းက တရားဝင်လဘ်စားမှု့ကြီး
တွေကိုတော့ ဒေသခံမိုးကုတ်မြို့နယ်အတွင်းက လူတွေအားဖော်ထုတ်အရေးနိုင်ရန်ဆောင်ရွက်သင့်
သောအချိန်ဟာ ဒီလိုအချိန်ပါဘဲ အေးချမ်းသာယာလှသောမိုးကုတ်မြို့ကြီး ဘောင်ခတ်ထားပေမဲ့
အမြဲလှနေပါတယ် ထာပွဲဈေးအတွင်းက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတာတွေကိုကြည်ပြီး
ဟိုအရင်အချိန်က ကျွန်တော်တို့ မိုးကုတ်ဒေကို အလည်သွားသည့်အခါ မိမိတို့ဒေသက လက်ဆောင်
အဖြစ် ပေးလိုက်သော ကျောက်မျက်လောက်ကို လုပ်ကိုင်စားသောက်နေတာတွေဟာ နေပြည်တော်
ကဝယ်ယူရောင်းချရတယ်ဆိုတာသိရလို့ မြန်မာနိုင်ငံရဲ Rby လက်ခေါ်မိုးကုတ်မြို့ကြီး ဒေသခံတွေလုပ်
စားခွင့်မရှိလို့ "ကျိမ်စာသင့်နေပြီလား " ဘောင်းခတ်ထားသည့်မိုးကုတ်မြို့ကြီး ဘယ်သူတွေဖွင့်ပေမယ်
လဲ " ဘီး ရယ် မှန် ရယ်ကျောက်ပြင်ရယ် အလွန်လှပခဲ့သည် ပတ္တမြားမြေ အလှနဲ့ဒေသခံတွေရဲ့ကိုယ်ပိုင်
စီးပွားရေး ခရိုနီ ကုမ္ပံဏီတွေ လက်က ဘယ်သူတွေ ပြန်ပေးမယ်ဆိုတာ မသိရသေပေ ဒီမိုကရေစီနိုင်ငံ
သစ်ကို မျော်လင့်နေကြရသော မိုးကုတ်ဒေသမှ ပြည်သူတွေအတွက် လက်ရှိအစိုးရက ဘယ်လိုတာဝန်
ယူမှလား နောက်တက်လာမည်အစိုးရက တာဝန်ယူပေးနိုင်မယ်လား ဘီးတောင်ခေါ်ပတ္တမြားတောင်
မှန် ခေါ်တဲ့ မိုးကုတ်မြို့လယ် အင်းကြီး ရှိနေလျှက်ဒေသခံတွေ တစ်ပိုင်တစ်နိုင် လုပ်စားနေကြသည့်
ဘိုးဘွားအစဉ်အဆက် လုပ်စားနေသည့် ကျောက်ပြင်ခေါ် ကျောက်မျက်တူးဖော်ရေးနဲ့ ကျောက်လုပ်ငန်း
တွေ လိုအပ်နေပါတယ်"
မိုးကုတ်ဒေသမှ ကျောက်မျက်တစ်ပိုင်တစ်နိုင်လုပ်စားကိုင်ခွင့် မရှိတော့သည့်အချိန်မှတော အာဏာရှိ
သူက အာဏာပြတယ် အလုပ်မရှိသူတွေက ဘဝကြပ်တယ် အမျိုးသမီးတွေဘဝနစ်နာမှု့တွေရှိလာခဲ့
ရခြင်းမျိုးကတော့ စာရေးသူကျွန်တော် မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာက အောက်ပါအဖြစ်ပျက်လေးကို
ဒီဇင်ဘာလ ၃ ရက်နေ့ ၂၀၁၅ခုနှစ် နံနက်က သွားရောက်သတင်းယူခဲတာလေးတွေဖြစ်ပါတယ်

""
"ကျွန်မဟာ ကိုယ်ဒေသမှအလုပ်မရှိသဖြင့် လောက်ကိုင်ဒေသတရုတ်ထံအိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ရာက ရရှိလာသော ငွေသိန်း ၁၅၀ကိုအိမ်သို့ယူဆောင်ခဲရာ ငွေအများကြီးရလာခဲ့သဖြင့် ပိန်းပြစ်ကျေးရွာရဲစခန်းမှူးက ဥပဒေဘောင်းအတွင်းကနေ ကျွန်မကိုဖမ်းချုပ်လိုရတယ်ဆိုပြီး ငွေသိန်း ၁၀၀တောင်းခံပြီးသိန်း၅၀ဆယ်ယူ
ဆောင်သွာကာ ရဲစခန်းအရောက်တွင် သေနတ် ၅ချက်တိတိဖောက်မှု့ဖြစ်လုပ်သွားလိုတရားဥပဒေဘောင်းအတွင်းက လူကိုတရားဥပဒေအရအရေးယူပေးစေလိုပါတယ်"

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွား အောက်ရွာ
မိုးကုတ်လမိုးမိတ်သွားလမ်း၏အရှေ့ဘက်ကရွာတွင် နိုဝင်ဘာလ ၁၈ ရက်နေ့က
ပိန်းပြစ်ကျေးရွာရဲစခန်းမှူးဖြစါသူဦးခင်မောင်ဠေးမှရဲတပ်သားရှစ်ဦးရဲတပ်ကြပ်တစ်ဦး
တို့နှင့်အတူ မနီနီဝင်း မဖြူဖြူဝင် ဖခင်ဦးလူမောင်တို့သားဖသုံးယောက်မိမိနေအိမ်တွင်
ရှိနေစဉ် အရပ်ဝတ်များဖြင့် ကျေးရွာစခန်းမှူတို့မှရောင်ရှိလာကာ သူစခန်းမှူဖြစ်ကြောင်း
နင်တို့ပိုက်ဆံတွေရလာတယ်လိုသတင်းကြားတယ် ဘယ်နည်းမှတရားဝင်ရလာတာ
မဟုတ်ဘူး အခုနှင်တို့ကို ငါဖမ်းလိုရတယ် အဲဒီပိုက်ဆံတွေထဲ့က ငါကို သိန်း၁၀၀ပေး
ဟုဆတာင်ပါတယ် ကျွန်မတို့လဲကြောက်တာနဲ့ မဖမ်းပါနဲ့စခန်းမှူးကြီးရဲ ဒီပိုက်ဆံတွေ
ကကျွန်မတစ်ခြားဒေသမှာရိုးရိုးသားသားနဲ့အိမ်အကူလုပ်စာပြပြီရလာတာပါ တောင်ပန်း
ခဲ့ပါတယ် ဒီလိုတောင်ပန်းတာကိုလက်မခံဘဲ အခုဖမ်းမယ်ချုပ်မယ်လုပ်ပါတယ်
သိန်း၁၀၀တိတိတောင်းပါတယ်ကျွန်မမှသိန်းတစ်ရာမရှိတော့ကြောင်းသိန်း၅၀ဘဲရှိ
တော့တယ်ပြောပြပြီး သူကို သိန်း၅၀ ပေးလိုက်ရပါတယ် ကျွန်မဟာသူကိုအိမ်အကူ
လုပ်လိုရကြောင်း ပြောပြခဲတာကတော့
"ကျွန်မဟာ ကိုယ်ဒေသမှအလုပ်မရှိသဖြင့် လောက်ကိုင်ဒေသတရုတ်ထံအိမ်အကူ
အဖြစ်သွားရောက်လုပ်ကိုင်ခဲ့ရာက ရရှိလာသော ငွေသိန်း ၁၅၀ကိုအိမ်သို့ယူဆောင်ခဲ
ရာ ငွေအများကြီးရလာခဲ့သဖြင့် အိမ်မှာရှိသောအကြွးတွေဆပ်ပေးလိုက်တာနဲ့ကျွန်မတို့
နေအိမ်လေးပြင်ဆောက်ဖို့ရာ ပစ္စည်းတွေဝယ်လိုက်သဖြင့် စခန်းမှူးကြီးတောင်းသည့်
ငွေသိန်းတစ်ရာအထိမရှိတော့ကြောင်းပြောပြပါတယ် အဲဒါဆိုဘယ်လောက်ကျန်သေ
လဲဟုစခန်းမှူးကပြန်ပြောပါတယ် ကျွန်မမောင်လေးတွေ ကျောင်းပိတ်ရင်အလှူ လှူဖို့
သိန်းထားသည့် ငွေ သိန်း၅၀ ဘဲကျန်တော့တယ်ပြောတော့ ရဲစခန်းမှူးဦးခင်မောင်ဋ္ဌေး
က သူတပည့်တပ်သားနှစ်ယောက်ကို အိမ်အပြင်ခေါ်တွေပြီး ၁၀ မိနှစ်ခန့်စကားပြောပြီး
အိမ်ထဲ့ပြန်ဝင်လာကာ ကျွန်မအဖေ ကို ဦးလူမောင် အဲဒါဆို ကျန်သိန်း၅၀ဆယ်ဘဲ
သူကိုပေးတော့ ခင်ဗျာသမီးတွေမဖမ်းတော့ဘူးပြောသဖြင့် ကျွန်မတို့ညီမယောက်လဲ
မတရားအမှုစဉ်ပြီးအဖမ်းမခံရအောင် အိမ်ခန်းထဲ့မှအလှူ လှူဖို့သိန်းထားသည့် ငွေ
သိန်း၅၀ ဆယ်ကိုထုတ်ပေးလိုက်ရပါတယ် စခန်းမှူး ဦးခင်မောင်ဋ္ဌေးက သိန်း၅၀ကို
ယူပြီး ဒီကိစ္စဘယ်သူမှမသိစေနဲ့ နင်တို့လဲမငိုနဲ့တော့ ငိုရင်လဲတိုးတိုးငိုကြဟုပြောကာ
ထွက်သွာပါတယ် သူနဲ့အတူပါလာသော ရဲတပ်သားနှစ်ယောက် က ကျွန်တော်တို့ကို
ခွင့်လွတ်ပေးပါဗျာ ဗိုလ် ဋ္ဌေးကခေါ်လာလို့ လိုက်လာတာဖြစ်ပါတယ် အခုဟာက ဒါပြ
တိုက်နေသလိုဖြစ်နေတယ်ဟု စခန်းမှူးပြန်သွားချိန် ၁၀ မိနှစ်ခန့် အကြာ တောင်ပန်ပြီး
ပြန်သွာပါတယ်သိပ်မကြာခင်မှဘဲ စခန်းဘက်က သေနတ်သံပထမ ၃ ချက်တိတိကြား
ပါတယ် နောက် ၂ ချက်ဆက်၍ဖောက်သံကြားတာနဲ့ကျွန်မတို့ မိသားစုလဲကိုယ်အိမ်ထဲ
ကနေမထွက်တော့ဘဲ ငိုနေရပါတယ် နံနက်မိုးလင်းတော့ အဖေက အုပ်ချုပ်ရေးမှူးကို
သွားတိုင်ပါတယ် သေနတ်ဖောက်တာကို တစ်ရွာလုံးကြားတယ် သူတစ်ယောက်ထဲ့
မကြားတာ ဒီကိစ္စဖြစ်စဉ်ကို သူပြောပြတယ် မသ်သလိုနေတယ် ဒါနဲ့ဘဲ ကျွန်မတို့မှ
ကိုယ်ပိုက်ဆံလည်းယူသွားသေးတယ် ကိုယ်ကသူကိုကြောက်နေရပါတယ်ဟုမဖြူဖြူ
ဝင်းကပြောပါတယ်။"
"ကျွန်မတို့ ချေးနဲရင်းပြီးရှာထားသည့်ပိုက်ဆံကို အခုလိုဒါပြတိုက်သလိုယူသွားတာနဲ့
ပါက်သက်ပြီး တစ်ရွာလုံးကမကျေနပ်ပါဘူး နံနက်လင်းတော့အဖေနဲ့အတူအုပ်ချုပ်ရေး
မှူးဦးလှမြင့်အိမ်တိုင်ချက်ဖွင့်တော့ စခန်းခန်းမှူးဦးခင်မောင်ဋ္ဌေး ညကလုပ်သွားသည့်
ကိစ္စအားမကျေနပ်ကြောင်းပြောပါတယ် သေနတ်ဖောက်သံလဲသူကမကြားဘူးလို့
ပြောပါတယ် ရဲစခန်းကိုသူသွားပြောပေးမယ်ဟုပြောပါတယ် နိုဝင်ဘာ ၂၀ ရက်နေမှ
အုပ်ချုပ်ရေးမှူးဦးလှမြင့်ကျွန်မတို့အိမ်ကိုရောက်လာပြီး နင်တို့ပိုက်ဆံအကုန်တော့ပြန်
ရမှမဟုတ် တစ်ဝှက်လောက်တော့ငါပြန်တောင်းပေးမယ်ဟုပြောပါ ဒါနဲ့ ကျွန်မတို့လဲ
ဘယ်မှမတိုင်တော့ပါဘူး ကိုယ်ပ်ုက်ဆံတစ်ဝှက်ဖြစ် ၂၅ သိန်းပြန်ရရင်ကျေးနပ်ပါတယ်
၂၁ နေ့မှ သိန်း၂၀ လာပေးပါတယ် သူတို့မှခွဲဝေယူလိုက်လို့မရှိတော့ဘူးလိုပြောတယ်
ကျွန်မတို့ ကိုပြန်ပေးမယ်ဆိုတာ ၂၅ သိန်းပါ ၂၀ထဲ့ပြန်ပေးတော့ ကျွန်မလဲ လက်မခံ
လိုက်ပါဘူး ကျွန်မတို့ မတရားအမှု့ကို ဥပဒေဘက်တော်သားတစ်ဦးကယူသွားတာဖြစ်
ပါတယ် ဒါကြောင့် ကျွန်မတို့မိသားစု မဟုတ်တာလုပ်ရင် ဥပဒေက အရေးတယ်
ပြည်သူတွေကြတော့ အမှားမခံဘူး ဥပဒေဘက်တော်တစ်ဦးကဥပဒေချိုဖောက်တော့
ဘယ်သူမှအရေးယူပေးသူမရှိသဖြင့် ကျွန်မတို့မောင်နမမိုးကုတ်မြို့ကိုသွားပြီး ကျွန်မတို့
တိုင်းရင်းသားပလောင်ရွာဖြစ်တဲ့ ပိန်ပြစ်ရွာမှနေသွားဘူးတဲ့ ဦးလေး စိုးမြင့်အား ကူညီ
ပေးရန် သွားခဲ့ပါတယ် ဦးစိုးမြင့်က မိုးကုတ်မြို့အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ် ဥပဒေအ
ထောက်ကူအဖွဲ့ထံပို့ပေးပါတယ် အဖွဲ့ချုပ်က လူကြီးတွေက ပိုက်ဆံပြန်လိုချင်တာလား
တရားစွဲချင်တာလားမေးပါတယ် ပိုက်ဆံပြန်လိုချင်ရင် စခန်းမှူးထံသွားရောက်ညှိနိုင်း
ပေးမယ်လို့ ပြောပါတယ် ကျွန်မတို့လဲဥပဒေအတိုင်းဖြစ်ချင်ပါတယ်လိုပြောတော့
ကျွန်မတို့ရွာကို ဆုံးစမ်းစစ်ဆေးရေးအဖွဲ့တွေ သွားရောက်ဆုံစမ်းခဲပြီး ကျွန်မကိုယ်တိုင်
တိုင်စာရေးပြီး မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ထံ တိုင်ကြားပေးခဲ့ပါတယ် အဲဒီလောက်
မိုးကုတ်မြို့နယ် ရဲစခန်းမှ ခေါ်ယူစစ်ဆေးပါတယ် ဖမ်းဆီအရေးယူခြင်းမရှိဘဲ စခန်းမှူ
ဦးခင်မောင်ဋ္ဌေးကိုယ်တိုင် ပိုက်ဆံပြန်လာပေးပါတယ် ကျွန်မတို့ကတိုင်စာတွေပို့ပြီးပြီး
ဖြစ်နေတော့ ပိုက်ဆံပြန်မယူလိုက်တော့ပါဘူး အကြိမ်ကြိမ်း လာရောက်တောင်းပါခဲ့ပါ
တယ် ကျွန်မတို့ တစ်ဝှက်ပြန်တောင်းတာတောင်မပေးနိုင်ဘူးဒါဘဲရှိတယ်ပြောခဲ့ပါတယ်
အခု တော့ ကျွန်မသတိမွေးပြီး ဒီဇင်ဘာ ၃ နေမှသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဟာ
ကျွန်မတို့ကျေးရွာ မကြခဏာဆိုသလို မလိုအပ်ဘဲ သေနတ်ဖောက်လိုက် ဒေသခံတွေ
ကျွန်မတို့လို့ ဆင်းရဲသားမိန်ကလေးအပေါ် နောက်တစ်ကာ ဥပဒေအတွင်းကလူကြီး၏
တရားဥပဒေအတွင်းက ဒါပြတိုက်နေတာတွေပပျောက်အောင် ရည်ရွယ်ပြီးပြုလုပ်ရတာ
ဖြစ်ပါတယ် ကျွန်မတို့မိသားစုအတွက်တော့ အန္တရာယ်အလွန်များပါတယ် အများသိစေ
လိုပြီးကျွန်မတို့ ဒေသတွေ တရားဥပဒေစိုးမိုးစေလိုပါဟုမနီနီဝင်းကပြောသည်"။
ကျွန်တော်တို့ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာ ဒေသခံတွေဟာ မိရိုဖလာ တစ်ပိုင်တစ်နိုင်
ကျောက်မျက်တူဖော်ရေးလုပ်ငန်းဖြစ် အသက်မွေးဝမ်းကြောင်းအလုပ်ကိုင်ခဲ့သူများဖြစ်
ပါတယ် ၂၀၀၀ခုလောက်စတင်၍မိသာစုတစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်ရေးလုပ်
ကိုင်ခွင့်မရှိတော့သဖြင့် တောင်ယာစိုက်ပျိုးချင်းလုပ်ငန်း လုပ်ကိုင်စားသောက်ခဲကြရပါ
တယ် အဲဒီလို လုပ်ကိုင်စားတော့ သစ်တောဥပဒေအရ တောင်ယာလုပ်ခွင့်ကို သစ်တော့
အရာရှိက လာတားသဖြင့် ဒေသခံတိုင်းရင်းသားတွေဟာ ရွေ့ပြောင်းအလုပ်သမားများ
အဖြင့် ထိုင်း မလေးရှား တရုတ်နိုင်ငံတွေမှသွားရောက်လုပ်ကိုင်စားသောက်ရသည့်
ဘဝကိုရောက်ရှိသွားပါတယ် ဘယ်လောက်ထိဆိုဝါးတယ်ဆိုရင် တရုတ်နိုင်ငံသားတွေ
အတွက် တိုင်းရင်သူတွေဟာ အငှားမယာအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ရပါတယ်
၂၀၁၄ ခုနှစ်ထဲ့ဘဲ ဒီပိန်းပြစ်ကျေးရွာက အမျိုးသမီး ၁၀ ယောက် ဘဝပြက်ပြီးပြန်လာတဲ့
အဖြစ်တွေထိဖြစ်လာတယ် အဲဒီထဲ့မှက အခုလောက်ကိုင်ဒေသကိုသွားအလုပ် လုပ်
သည့်မဖြူဖြူဝင်းဟာ အိမ်အကူအလုပ် လုပ်ရင် သူများကလေးတွေကို စာပြပေးသည့်
အလုပ်သွားရောက်လုပ်ကိုင်ရာကနေ ကံကောင်းလို့ ဘဝမပြက်ဘဲ မိမိအသက်ဘဝ
တွေရင်းပြီး လုပ်ကိုင်၍ရလာသောပိုက်ဆံ သိန်း ၁၅၀ ရရှိခဲ့ပါတယ် အဲဒါတွေကိုတစ်ရွာ
ကသိနေတော့ ပိန်းပြစ် ရဲစခန်းမှူးဦးခင်မောင်ဋ္ဌေက ရဲတပ်သား ၃ ယောက်နဲ့အတူ
အရက်သေစာသောက်စားပြီး မိန်ကလေးတွေရှိသောအိမ်ကိုသွားရောက်ခြိမ်းခြောက်
ပြီး သိန်း၁၀၀ သူကိုပေး မပေးရင် နင်တို့ကို ဥပဒေနဲ့မလွတ်ကင်းတာလုပ်မှု့နဲ့ဖမ်းမယ်
လုပ်သဖြင့် သူတို့မှ လက်ကျန်ငွေအဲဒီလောက် မကျန်တော့ပါဘူး အလှူ လှူဖို့ သိန်း
၅၀ဘဲရှိတော့တယ်ဟုပြောရာ အဲဒီသိန်း၅၀ ယူသွားပါတယ် အခုလိုတရားဥပဒေဘက်
တော်သားတစ်ယောက်က အခုလိုလုပ်နေရင် ဒေသခံပြည်သူတွေက ဘယ်သူကိုအမှန်
တရားအတွက်အားကိုးရမယ်ဆိုတာ မရှိဘူးဖြစ်နေပါတယ် ဒါကြောင့် ဒီမိသားစုကိုကူ
ညီပေးဖြစ်ခဲတာဟု မိုးကုတ်စိမ်းလန်း အဖွဲ့ဥက္ကဌ ဦးစိုးမြင့်ကပြောသည်"။

အဲဒီစန်းမှူ ကျွန်တော်တို့ပိန်းပြစ်ကျေးရွာကို ၂၀၁၀ ခုနှစ်ကစတင်ရောက်ရှိလာပါတယ်
အဲဒီလိုဘဲ မကြာခဏဆိုသလို အဖြစ်ပြက်တွေအများကြီးရှိပါတယ် အားလုံးကသူကို
ကြောက်သဖြင့်မည်သူမှအရေးယူဆောင်ရွက်ခြင်းမရှိတာတွေအများကြီးပါ အခုလို
မနီနီဝင်းတို့လိုသတိရှိရှိ ပြန်ပြောရဲလုပ်ရဲတဲ့သူမရှိလို့ ဒေသခံကြိပ်ခံခဲရတာပါ မကြာခဏ
ပါဘဲ ညတိုင်ဆို မလိုအပ်ဘဲ ဒေသခံတွေကြောက်အောင်သေနတ်တွေဖောက်ဖောက်နေပါတယ် ဒါတွေဟာမဖြစ်
သင့်တဲ့ကိစ္စတွေပါဟု ဒေသခံရွာသူရွားသားများကပြောသည်"။
အဆိုပါကိစ္စများနှင့်ပါက်သက်၍ မိုးကုတ်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးထံသွားရောက်မေး
မြန်းခဲ့ရာ အခုပိန်းပြစ်ကျေးရွာမှဖြစ်ပွားသည့် စခန်းမှူဦးခင်မောင်ဋ္ဌေးနှင့်အဖွဲ့အား
ခရိုင်ရဲတပ်ဖွဲလမန္တလေးတိုင်း ရဲတပ်အထိတင်ပြပြီးသားဖြစ်ပါတယ် ဆုံစမ်းစစ်ဆေးနေ
ပါတယ် ရဲလက်စွဲဥပဒေအရ အရေးယူထားပြီး အခုမိုးကုတ်မြို့အချုပ်ထောင်မှထိမ်းသိမ်း
ပြီး ရဲဥပဒေအရ ဖော်ထုတ်ပြီး ဆောင်ရွက်လျှက်ရှိပါတယ်ဟု ဒုမြို့နယ်မှူး ဦးဆန်းဦးက
ပြောသည်"
ဒီလိုမျိုးအဖြစ်အပျက်တွေရဲ့  နောက်ဆက်တွဲ ဖြစ်ပွားလာမယ် ပြသာနာတွေ မရှိစေလိုသောကြောင့်လက်
ရှိ မိုးကုတ်ဒေသခံတွေအတွက် ကျောက်မျက်တစ်ပိုင်းတစ်နိုင် နေရာ သက်မှတ်ပြီး လုပ်စားခွင့်တူးဖော်
ခွင့်ပေးမယ်ဆိုရင် မြန်မာနိုင်ငံအတွက် မြန်မာ့မိုးကုတ်ကျောက်မျက်ရတနာတွေ မိုးကုတ်မြို့ထာပွဲဈေးအတွ
င်းမှ မိုးကုတ်ကျောက်မျက်အစစ်တွေ ရောင်းဝယ်သော ရတနာမြေမိုးကုတ်အဖြစ် ဖြစ်စေလိုသော
ကျွန်တော်ဆန္ဒဖြစ် ဘောင်းခတ်ထားသောမိုးကုတ်မြို့ က ကျိမ်းစာတွေဖြေပေးစေလိုကြောင်းတင်ပြလိုက်
ရပါသည်။ "( စေတနာထား၍ရေးသားခြင်းသာဖြစ်ပါသည်")

posted from Bloggeroid

No comments:

Post a Comment