မူးယစ်ဆေးဝါးရောင်းသူထံမှ ဌာနဆိုင်ရာများသို့ လိုင်းကြေး သိန်း ၅၈၀၀ ကျော်ပေးခဲ့ရသည့် စာရင်းစာအုပ် သိမ်းဆည်းရမိဟု ဖားကန့် လွှတ်တော် ကိုယ်စားလှယ်ပြော......
==================
ကချင်ပြည်နယ် ဖားကန့်ဒေသမှ မူးယစ်ဆေးဝါးရောင်းချနေသူဟု နာမည်ကြီးနေသူ ၏ နေအိမ်အား လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေစဉ် wy ဆေးပြားသုံးသိန်းကျော် ဘိန်းဖြူများနှင့်အတူ ဌာနဆိုင်ရာများအား ၅၈ ရက်စာအတွက် ကျပ်သိန်းပေါင်း ၅၈၀၀ ကျော် ပေးခဲ့ကြောင်း အမည်စာရင်းအတိအကျ ရေးထားသည့် စာအုပ်ပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖားကန့်ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ပြောသည်။
အဲဒီလူက တစ်ရက်ကို သိန်း ၃၀၀ ကျော်ဖိုး ရောင်းရတယ်လို့ပြောတယ် ဌာနဆိုင်ရာတွေ လိုင်းကြေးက တစ်ရက်ကို သိန်း ၁၀၀ ကျော်လောက်ပေး ရတဲ့သဘောဖြစ်တယ် ဟု ၄င်းက ဘိန်းတိုက်ဖျက်သူများအား အစိုးရက ကာကွယ်စောင့်ရှောက်ပေးရန် ကြိုဆိုထောက်ခံရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုပေးရန် ခေါင်းစဉ်ဖြင့် အရေးကြီးအဆိုကို ဆွေးနွေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
လတ်တလောကာလအတွင်း ကချင်ပြည်နယ်၌ ဧက ထောင်နှင့်ချီသည့် ဘိန်းခင်းများကို ဒေသခံများ စုပေါင်းထားသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီးရန် ကြိုးပမ်းနေပြီး ဘိန်းခင်းတိုက်ဖျက်သူများအား တိုက်ခိုက်မှုများလည်း ပေါ်ပေါက်နေပါသည်။
The Ladies News

posted from Bloggeroid
No comments:
Post a Comment