Friday, February 19, 2016

မန္တလေးတောင်

#မန္တလေးတောင် ဘုရားဖူးလာ ပြည်တွင်း ၊ပြည်ပ ဘုရားဖူး ဧည့်သည်များ အဆင်ပြေစေရန် ကားနှင့်ဆိုင်ကယ် ရပ်နားရန် နေရာ တိုးချဲ့ တည်ဆောက်

မန္တလေး ဖေဖော်ဝါရီ ၂၀

မန္တလေးတောင် ဘုရားဖူးလာ ဧည့်သည်များ အဆင်ပြေစေရန် ဓါတ်လှေကား၊စ

က်လှေကား ခြေရင်းတွင် ကား/ဆိုင်ကယ် ရပ်နားရန် နေရာများ တိုးချဲ့ တည်ဆောက် လျက်ရှိသည်။

ကားရပ်နားရန် ဓါတ်လှေကား၊စက်လှေကား ခြေရင်းတွင် အလျား ၁၃၀ ပေ ၊ အနံ ပေ ၃၀ သံကူကွန်ကရစ် ကားရပ်နားရန်နေရာ နှင့် တောင်တော် အတက် ဆိုင်ကယ်စတင်းဘေး ခိုင်ရွှေဝါ ဘုရားအနီးတွင် အလျား ၉၀ ပေ ၊ အနံ ပေ ၁၅ သံကူကွန်ကရစ် ဆိုင်ကယ်ရပ်နားရန်နေရာတို့ ကို ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ ကား ၊ဆိုင်ကယ်ရပ်နားရန်နေရာ တည်ဆောက်ဆောက်ခြင်းလုပ်ငန်းကို #ကျပ်သိန်း၁၀၇၅၇၇၅၀၀ ကုန်ကျမည်ဖြစ်ကာ Moderate Company က မတ်လအတွင်းအပြီးတည်ဆောက်လျက်ရှိရာ ပြီးစီးသွားပါက ကားအစီး ၃၀ နှင့်ဆိုင်ကယ် အစီး ၂၀၀ ခန့် တိုးချဲ့ရပ်နားနိုင်မည်ဖြစ်သည်။

မန္တလေးတောင်တော် ဂေါပက အဖွဲ့ မှ တောင်တော်စိမ်းလန်းစိုပြေသာယာရေး ၊သန့်ရှင်းရေး စနစ်တကျဖြစ်ရေး ၊ သာသနိကအဆာက်အဦးများ ပြုပြင်မွမ်းမံရေး ၊ပြည်တွင်း/ပြည်ပ ဘုရားဖူး ဧည့်သည်များ စိတ်ချမ်းမြေ့စွာဘုရားဖူးမြော်နိုင်ရေး အတွက် လိုအပ်ချက်များ ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ယခုအခါ ဘုရားဖူးဧည့်များ ပိုမိုများပြားလာခြင်း ကြောင့်အထူးစည်ကားလျက်ရှိသည်။

မန္တလေးမြို့ ဂုဏ်ဆောင် အထင်ကရ လည်ပတ်စရာနေရာ တစ်ခုဖြစ်တာ အညီ ရက်ကြီးခါကြီးများ ၊ညနေခင်း နေ၀င်ချိန်များတွင် ကား၊ဆိုင်ကယ်များ ရပ်နားရန် နေရာ အခက်အခဲ ရှိလာသည့်အတွက် ယခုလို ကား၊ဆိုင်ကယ် ရပ်နားရန်နေရာတိုးချဲ့ တည်ဆောက်ခြင်း ကို မန္တလေးတောင်တော် သြ၀ါဒဆရာတော်ကြီးများ ထံ သြ၀ါဒခံယူပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံ တင်ပြပြီး မန္တလေးတောင်တော် ဘဏ္ဍာငွေဖြင့် တိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း မန္တလေးတောင် ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက မန္တလေးနေ့စဉ်သို့ ပြောသည်။

#ရွှေမန်း ( မန္တလေးနေ့စဉ်)

posted from Bloggeroid

No comments:

Post a Comment