Wednesday, February 17, 2016

မန္တလေးတောင်


နိုင်ငံခြားသားဧည့်သည်များမန္တလေးတောင်တော် ရင်ပြင်တက်ရောက်ခွင့် ကောက်ခံခြင်းသည် မန္တလေးဇုန်ကြေး တစ်သောင်းတွင် မပါဝင် မန္တလေးတောင်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သီသန့်ကောက်ခံခြင်းဖြစ်

မန္တလေး ဖေဖော်ဝါရီ ၁၇

နိုင်ငံခြားသားဧည့်သည်များမန္တလေးတောင်တော် ရင်ပြင်တက်ရောက်ခွင့်တစ်ထောင်ကျပ် ကောက်ခံခြင်းသည် မန္တလေးဇုန်ကြေး တစ်သောင်းတွင် မပါဝင် မန္တလေးတောင်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သီသန့်ကောက်ခံခြင်းသာဖြစ်ကြောင်း မန္တလေးတောင်ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။

“တစ်ထောင်ကောက်တယ်ဆိုတာက ဇုန်ကြေးနဲ့ မဆိုင်ပါဘူး ။ထိုင်းနိုင်ငံ မြဘုရားမှာဆိုလဲ ဘယ်နိုင်ငံခြားသားမဆို ၀င်ကြေးပေးကြရတာပဲ။ ဧည့်သည်တွေက အလှူငွေထည့်ုတာလဲ မရှိဘူး ။မန္တလေးတော်ပေါ်ကနေ မန္တလေးမြို့နေ၀င်ဆည်းဆားအလှကိုကြည့်ရှုဖို့လာတာပဲရှိဘတယ်။သာသနာအတွက် လှူဒါန်းမှု မရှိဘူး ။ဧည့်သည်တွေကို အဘ တို့က လုံခြုံမှု ၊ဘေးအန္တရာယ်ကင်းရှင်းမှု ၊အတက်အဆင်းလွယ်ကူးမှု ရှိအောင် လုပ်ပေးတယ်။ ညနေ ၄ နာရီလောက်ကတည်းက ဧည့်သည်တွေ အဆင်ပြေဖို့ အတက်ဆိုလဲ အတက်တွေ အဆင်းညနေ ၆ နာရီဆို အဆင်းချည့်ဧည့်သည်တွေ အဆင်ပြေအောင် ဦးစားပေး ၀န်ဆောင်မှုပေးတယ်။ ဒီလိုကောက်ခံ ရရှိတဲ့ဝင်ငွေကို တောင်တော် သာသနိက အဆောက်အဦးတွေ ပြန်လည်ပြုပြင်တာ တည်ဆောက်တာတွေ မှာတောင်တော် အကျိုးအတွက် စနစ်တကျပြန်လည်အသုံးပြုသွားတာပါ။”ဟု မန္တလေးတောင်ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။

ယခင်က နိုင်ငံခြားသားများကို ကင်မရာခွန်ကောက်ခံခဲ့ပြီး ယခုအခါ ဇန်န၀ါရီလ ၁ ရက်နေ့ မှ စတင်ကာ ရင်ပြင် တက်ရောက်ခွင့် တစ်ထောင်ကျပ်ကို စနစ်တကျ ဖြတ်ပိုင်းဖြင့် ကောက်ခံလျက်ရှိသည်။ မန္တလေးတောင်တော်ပေါ်သို့ နိုင်ငံခြားသား ဧည့်သည် ငါးရာခန့် လာရောက် လည်ပတ်လျက်ရှိကြောင်းသိရသည်။

“နိုင်ငံခြားသား ဧည်သည်များ ကို တစ်ထောင်ကောက်ခံ တာဖြစ်သင့်ပါတယ်။ ဇုန်းကြေးဆိုတာ ၀န်ကြီးဌာန ကိုသွင်းပြီး အစိုးရက စီမံခန့်ခွဲတာကိုး မန္တလေးတောင်တော် ပြုပြင်ထိန်းသိမ်းဖို့ ကောက်ခံ တာ ဖြစ်သင့်ပါတယ်။ ဂေါပကအဖွဲ့တွေက ဧည့်သည်တွေကို ဂရုတစိုက် ဦးစားပေး စောင့်ရှောက် ပါတယ်။ အခုဆို အမှိုက်ပုံးတွေ စနစ်တကျရှိလာပြီ အများကြီး သန့်ရှင်း တိုးတက်လာပါပြီ။”ဟု မန္တလေး ဧည့်လမ်းညွှန် မချောမူယာဝင်းက ပြောသည်။

"ဥပ ဒေ ၂ ခု ထပ် နေတာက ပြောစရာပါငွေကောက်ခြင်း မ ကောက်ခြင်း
နဲခြင်းများခြင်းထက်
ယဉ်ကျေးမှုဝန်ကြီးဌာန က ထုတ်ပြန်ထားချက်နဲ့မန်းတောင် ဂေါပက ကောက်ခံချက် ကအံလွဲနေပါတယ်နောက်တစ်ခုက သဒ္ဓါကြေး အလှူခံခြင်းကလွဲရင် မည်သည့်ကောက်ခံခြင်းမဆို တိုင်းဒေသကြီးအစိုးရ အဖွဲ့သက်ဆိုင် ရာ ဝန်ကြီးဌာနများနဲ့ ညှိုနှိုင်းဆောင် ရွက် ရ ပါတယ်
ခု က တော့ သိသလောက်သာသနာရေး ယဉ်ကျေးမှု ဟိုတယ်ခရီး အပြင် တိုင်းဒေသကြီးအစိုးရ ပါ ညှိုနှိုင်းထားခြင်းသ ဘောတူခွင့်ပြုထားခြင်း
မရှိဘူး လို့ ကြားသိရပါတယ်ထိုင်းမြဘုရား စသဖြင့်ကောက်
ကြ ပေမယ့် ဘန်ကောက် ဇုံဝင်ကြေးမ ပေးရပါဒီတိုင်းသာဆိုပုဂံရှိဘုရားတိုင်းမန္တလေးရှိဘုရားတိုင်းနဲ့
တစ်နိုင် ငံလုံးရှိဘုရားတိုင်းမှာ
ဂေါပက အဖွဲ့အစည်းဝေး ဆုံးဖြတ်ချက်နဲ့ကောက် နိုင် ကြမည်ဖြစ်ပြီး
Zone ဝင် ကြေး ဖြတ်မှာ မဟုတ်ကြ တော့ပါဟုဦးဝင်းဇော်ဦးကပြောသည်။

စိုင်းထူးခန့် 
=================================================

မန္တလေးတောင်ရင်ပြင် အတက်စက်လှေကား တက်ခ သက်မှတ်ကောက်ခံခြင်း မရှိ စေတနာကြေးသာ ကောက်ခံလျက်ရှိ

မန္တလေး ဖေဖော်ဝါရီ ၁၇

မန္တလေးတောင် ရင် ပြင် အတက်စက်လှေကား တက်ခ သက်မှတ်ကောက်ခံခြင်းမရှိ စေတနာကြေးသာ ကောက်ခံလျက်ရှိကြောင်း မန္တလေးတောင် ဂေါပက ဥက္ကဌ ဦးသိန်းထွန်းက ပြောသည်။

မန္တလေးတောင်တော် ရင်ပြင် တော် အတက် စက်လှေကား မှာ လွန်ခဲ့သော အနှစ် ၂၀ လောက်က တပ်ဆင်ခဲ့တာ ဖြစ်ပြီး ယခု အခါ တပ်ဆင်ခဲ့သည့် ကျွမ်းကျင်းပညာရှင် အဖွဲ့ကို မန္တလေးတောင်တော် ဂေါပက အဖွဲ့မှ ကန်ထရိုက်ပေး ၀န်ဆောင်မှု စေပြီး စေတနာကြေးသာကောက်ခံလျက် ရှိသည်။

“ ဂေါပက အဖွဲ့ ဆိုတာ ပညာရှင် အဖွဲ့ မဟုတ်ဘူး ။ ဒီစက်လှေကားတွေကို သူကိုယ်တိုင်ဆင်ခဲ့တဲ့ သူ ကျွမ်းကျင်တဲ့ကို တာဝန်ပေးထားတယ်။ ပျက်ရင် ချက်ချင်းပြင်ခိုင်းလို့ရတယ်။လွန်ခဲ့ တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က OldModel ဖြစ်နေပြီ။ ဂျာမဏီနိုင်ငံလုပ်စက်လှေကား တွေဖြစ်တယ်။ကိုယ်တိုင်တပ်ဆင်ခဲ့တဲ့သူ ကို တစ်လဆယ်သိန်း တောင်တော်အတွက် အလှူငွေ ပြန်လည်ကောက်ခံပါတယ်။ စက်လှေကား တက်ခ ကြေးသက်မှတ်ပြီး ကောက်ခံမှု မလုပ်ခိုင်းပါဘူး ။စေတနာကြေးသာကောက်ခံရန် မှာကြားထားပြီး ဖြစ်ပါတယ်။

စက်လှေကား ၀န်ဆောင်မှု အတွက် ၃သိန်း၊ လျှပ်စစ်မီး မီတာခ ၂ သိန်း ၊ စက်လှေကားအတက် ဖိနပ်စင် ၀န်ဆောင်မှု အတွက် ၃သိန်း စုစုပေါင်း မန္တလေးတောင်တော် အတွက် ၁၀ သိန်း ကောက်ခံ ရရှိကြောင်းသိရသည်။ီ

မန္တလေးတောင် အတက်စက်လှေကား ကို ကန်ထရိုက်အဖွဲ့ ကကောက်ခံ လျက်ရှိပြီး အဆင်း ဓါတ်လှေကားကို ဂေါပက အဖွဲ့ ၀န်ထမ်းများက နံနက် ၉ နာရီမှ ၁၂ နာရီ ၊ ညနေ ၃ နာရီမှ ၆ နာရီ ၀န်ဆောင်မှုပေးလျက်ရှိသည်။

မြန်မာနိုင်ငံ အနှံ့တန်ခိုးကြီးဘုရားများတွင် စက်လှေကား ၊ဓါတ်လှေကား စီးနှင်းခများကို သက်မှတ်ကြေးဖြင့် ကောက်ခံတာမျိုး မရှိပဲ စေတနာကြေးသာ ထည့်ဝင် ရန် နိုးဆော် မှုများ ၊ အလှူခံပုံးများ ထား ရှိခြင်းသာ ရှိသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment