နမ့်ဆန်မြို့ မီးဘေးသင့် ပြည်သူများအတွက် တရုတ်လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များ စုပေါင်း အလှူငွေများ ပေးအပ်လှူဒါန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မန္တလေး
ဖေဖော်ဝါရီလ၊ ၁၇
နမ့်ဆန်မြို့ မီးဘေးသင့် ပြည်သူများအတွက် တရုတ်လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များ စုပေါင်း အလှူငွေများ ပေးအပ်လှူဒါန်းပွဲ ကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင်ကျင်းပရာ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် MR. Wang Yu တက်ရောက် အားပေးစကား ပြောကြားသည်။
အလှူငွေ စုပေါင်းပေးအပ်ပွဲတွင် တရုတ်ကောင်စစ်ဝန်ချူပ်နှင့်လူမှုအဖွဲ့အစည်းများမှ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူအသီးသီးတို့က အမှာစကားပြောကြားပြီး မန္တလေးရောက်နမ့်ဆန်သားများအဖွဲ့ ထံ အလှူငွေ များပေးအပ်လှူဒါန်းကြသည်။
နမ့်ဆန်မီးဘေးသင့် ပြည်သူများအတွက် ကြင်းတော်ယန်ဗုဒ္ဓဘာသာ ဘုရားကျောင်း ပရဟိတအသင်းက ကျပ်သိန်း ၃၀ ၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာ အမျိုးသမီး ပရဟိတအသင်း က ကျပ် ၁၀ သိန်း ၊ မြန်မာပြည်ဖွားတရုတ်ကုန်သည်များအသင်း (အထက်မြန်မာနိုင်ငံ)က ကျပ် သိန်း ၃၀ ၊ တရုတ်ပြည်မှ လုပ်ငန်းရှင်နှင့်ကုန်သည်များအသင်းက ကျပ်သိန်း ၃၀၊ Oversea Chinese Service Centre က ကျပ် ၁၀ သိန်းနှင့် စေတနာရှင်များကစုပေါင်းလှူဒါန်းကြရာ စုစုပေါင်း ကျပ် ၁၇၃၄၀၀၀၀ ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရှမ်းသတင်း

posted from Bloggeroid
No comments:
Post a Comment