Wednesday, February 17, 2016

မန္တလေးမီးလောင်မှု့

မန္တလေးခရိုင်းအတွင်း ဖေဖော်ဝါရီ၁၇ရက်က တစ်နာရီခန့်သာခြား၍ တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ ဆုံး ရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၄၀ ကျော်ခန့် ဆုံးရှုံးခဲ့ပြီး  အခြေခံပညာအထက်တန်းကျောင်းခွဲ မီးလောင်ကျွမ်းမှုကြောင့် အဌမ တန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

အဆိုပါမီးလောင်မှုများအနက် ပုသိမ်ကြီးမြို့နယ်၊မင်းဂံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ် ဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျောင်းစာသင်ခန်း ၁၀ ခန်း လောင်းကျွမ်းခဲ့ကြောင်း၊ ၎င်းကျောင်း  ၀င်းအတွင်းရှိ (၂၀၀x၃၀)ပေ သစ်ညှပ်၊ အုပ်ညှပ် နှစ်ထပ်ကျောင်းဆောင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၂၀၀x၃၀)ပေ သစ် ညှပ်၊ အုပ်ညှပ် နှစ်ထပ်ကျောင်းဆောင်တစ်လုံး၊ (၇၀x၃၀)ပေ သစ်ညှပ်၊ အုပ်ညှပ် တစ်ထပ်ကျောင်းဆောင် တစ်လုံး (ဆုံးရှုံး မှုတန်ဖိုး-၂၈၂၀၀၀၀၀ ကျပ်)၊ စာသင်ခုံ ၂၅၀လုံး (ဆုံးရှုံး မှုတန်ဖိုး-၅၀၀၀၀၀၀ ကျပ်)၊ကွန်ပျူတာပစ္စည်းအစုံ တစ်စုံ (ဆုံးရှုံး မှုတန်ဖိုး-၁၀၀၀၀၀၀ ကျပ်)၊ စုစုပေါင်း ၃၄၂၀၀၀၀၀ ကျပ်ဆုံးရှုံးမှုနှင့်အတူ အဌမတန်းစာမေးပွဲ အဖြေလွှာအချို့ပါ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု သိရ သည်။

၎င်းမီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၃၅စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၆၀ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ဦး၊ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ခဲ့ရာ ၄နာရီ ၁၅မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ယခုမီး လောင်ရမှု အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ တရာခံကို စုံစမ်းကာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ အဆိုပါကျောင်းတွင် အဌမတန်း အခန်းဆုံးစာမေပွဲဖြေဆိုမှုများ ပြုလုပ်နေရာ တတိယမြောက်နေ့အဖြစ် ဖြေဆိုပြီး ဖြစ်ကာ နောက်ရက်များအတွက် ကျန်ရှိ စာသင်ဆောင်များတွင် စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ပေးထားပြီးဖြစ်ကြောင်း သိရ သည်။

ထို့အပြင် ညနေ ၄နာရီ ၂၈ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက်(၆၄၇)၊ အိမ်အ မှတ် ၁၂၂(A)၊ (၃၆x၃၇ လမ်းကြား)၊ ၇၈လမ်းရှိ မန်နေဂျာ ဒေါ်သန္တာလှိုင်၏ ရှီရှဲဒိုး အလှကုန်နှင့်အလှပြင်ဆိုင်တွင် ရေနွေး ငွေ့ပေါင်းတင်စက် အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ရေနွေးငွေ့ပေါင်းတင်စက်နှင့်အဲယားကွန်းတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၀၀၀၀၀ ကျပ်ခန့် ဆုံးရှုံူးခဲ့ကြောင်း၊ ၎င်းမီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်း၍ မီးငြိမ်းသတ်ခဲ့ရာ ၄နာရီ ၃၂ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားမှုကြောင့် ရှီရှဲဒိုး အလှကုန်နှင့်အလှပြင်ဆိုင်၏ မန်နေဂျာဒေါ်သန္တာလှိုင်အား မဟာအောင်မြေ မြို့နယ် အမှတ်(၉)ရဲတပ်ဖွဲ့စခန်းမှ (ပ-၈၄/၂၈၅/၂၀၁၆)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


posted from Bloggeroid

No comments:

Post a Comment