ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသော အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု.....
====================
စီးပွားရေး လုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ နိုင်ငံပိုင် စီမံကိန်းများကို နေရာတကျ စီမံခြင်းမပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှုစသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ရာ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ပါဝင်ဆွးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲပေးသူ များသဖြင့် အဆိုကို အတည်ပြုခဲ့ပါသည်။
အဆိုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အား လာရောက်ဖြေရှင်းရန် အကြောင်း ကြားခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ပေ။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာန များအား အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက အကြောင်းပြန်ကြားခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၁၃၈ မဲ နှင့် ကြားနေ ၇ မဲ ဖြစ်သဖြင့် လွှတ်တော်မှ အတည်ပြု လိုက်ခြင်း ဖြစ်သည်။
credit: Thet Aung (ပုလဲ)

posted from Bloggeroid
No comments:
Post a Comment