Wednesday, February 17, 2016

တရုတ်ပြည်မှဆေးဝါးများမြန်မာပြည့်လှူ

တရုတ်ပြည်သူ့သမ္မတနိုင်ငံလင်ချန်းအစိုးရမှ မြန်မာနိုင်ငံမြို့သုံးမြို့သို့ ဆေးရုံသုံးပစ္စည်းများနှင့် ငွေသားများ လှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊လင်ချန်းအစိုးရမှ ဒုတိယမြို့တော်ဝန်(အမြဲတမ်းကော်မတီဝင်)Mr Li Hua Song ဦးဆောင် သောအဖွဲ့တွင်  Mr Lu Zhi Hua(တရုတ်အမျိုးသားရေးဌာန၊ညွန်ကြားရေးမှူး)၊ Mr Dong Da Lun (ပြည်ထဲရေးဦးစီးဌာ

န၊ ဒု-ဦးစီးမှူး)၊ Mr Zhou Yong Zhi(ပြင်ပဆက်ဆံရေးဌာန၊ဦးစီးမှူး)၊ Mr Ou Zhai Guo(ပို့ဆောင်ရေးဦးစီးဌာန၊ဦးစီးမှူး)၊ Mr Li Ming Chang(စီးပွားရေးဦးစီးဌာန၊ဦးစီးမှူး)၊ Mr Xiao Tian Jie(ကျန်းမာရေးဦးစီးဌာန၊ဒု-ဦးစီးမှူး)၊ Mr Yu Jie (မြို့နယ်ပြည်သူ့ဆေးရုံ၊ဆေးရုံအုပ်ကြီး)နှင့် Mr Luo Dan Fei(လင်ချန်းမြို့အစိုးရရုံး) တို့ သည် ဖေဖော်ဝါရီ ၁၅၊ ၁၆ ရက် များက မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့ရှိ ပြည်သူ့ဆေးရုံများအတွက် ဆေးရုံသုံးပစ္စည်းများနှင့် ငွေသားများလှူဒါန်းမှုကို  ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုများအတွက် ဖေဖော်ဝါရီလ ၁၅ရက်နေ့က လောက်ကိုင်မြို့(ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ရုံးလုပ် ငန်းများအသုံးပြုရန်အတွက် Sony အမှတ်တံဆိပ် ကင်မရာ၃လုံး၊ Nicon ကင်မရာ၅လုံး၊ Lenovo အမှတ်တံဆိပ် ကွန်ပျူ တာ ၁၀စုံ၊ 2 in 1မိတ္တူကူးစက်၁လုံးနှင့်(၅)ပရင်တာ၁စုံ လှူဒါန်းခဲ့ကြောင်း၊ ဆက်လက်၍ ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုမည့် လူနာတင်ကားဝယ်ယူရန်အတွက် တရုတ်ယွမ်ငွေ ၁၅၀၀၀၀ နှင့်အတူ ဆေးရုံသုံးလူနာတင်သံကုတင် ၅၀ စုံ၊ ၃၂လက်မ LED TV၂လုံး၊ အလူမီနီယံဘီဒို အကြီး၅လုံး၊ CCTVကင်မရာ၂စုံ၊ ရိုးရိုး X-Ray ရိုက်စက် ၁စုံတို့ကို လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၆ရက်နေ့တွင်လည်း လားရှိုးပြည်သူ့ဆေးရုံကြီး၏ လိုအပ်မှုများကို အသုံးပြုနိုင်ရန်အတွက် တရုတ် ယွမ်ငွေ နှစ်သိန်းနှင့်အတူ ခွဲစိတ်ခန်းသုံးမီး ၅စုံ၊ 25/30KVAမီးစက်၂လုံး၊ 315KVAထရန်ဖော်မာ၁လုံး၊ ကလေးလူနာတင်ကု တင်၂စုံ၊ မွေးကင်စကလေး ဓာတ်ကင်စက်၂စုံ၊ အောက်ဆီဂျင်ထုတ်စက်၁၀စုံတို့ကို လှူဒါန်းသလို လာရှိုးမြို့အုပ်ချုပ်ရေး အဖွဲ့အစည်းများတွင် အသုံးပြုနိုင်ရန်အတွက် Lenovo လက်တော့ကွန်ပျူတာ၆လုံး၊ hp အမှတ်တံဆိပ် ကာလာပရင်တာ ၂လုံး၊ Espon 1390ပရင်တာ၁လုံး၊ hp အမှတ်တံဆိပ် ရိုးရိုး ပရင်တာ၃လုံး၊ hpအမှတ်တံဆိပ် မိတ္တူကူးစက်၃လုံး၊ Nicon ကင်မရာ၅လုံး၊ Lenovo အမှတ်တံဆိပ် ကွန်ပျူတာ၆လုံး၊Sonngbox /မိုက်ကရိုဖုန်း၁စုံတို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

“ရှမ်းပြည်မြောက်ပိုင်းဒေသနဲ့ တရုတ်နိုင်ငံ လင်ချန်းခရိုင်တို့က ရှည်လျားသောနယ်နိမိတ်ထိစပ်မှုကြောင့် ဆွေမျိုးညီနောင် ဆက်ဆံရေးအရှည်သဖြင့် တိုးမြှင့်နေပါတယ်၊ နောက်ပြီး လင်ချန်းခရိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှု၊ လုပ်ငန်းစီး ပွားဖြစ်ထွန်းမှုတွေဟာ ရှမ်းပြည်မြောက်ပိုင်းအတွက်လည်း အရေးပါနေပါတယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကွမ်းလုံဆေးရုံ က ကုတင်၅၀ဆံ့ဆေးရုံဖြစ်ပြီး အခုအခါမှာ နိုင်ငံတော်က ခွင့်ပြုငွေနဲ့ ဆေးရုံအဆောက်အဦသစ် တစ်လုံး တည်ဆောက် ပြီးစီးတော့မှာလည်း ဖြစ်ပါတယ်၊ ဆေးရုံသစ်အတွက် လိုအပ်နေတဲ့ ကုတင်၊ အသုံးအဆောင်ပစ္စည်းတွေ၊ ဆေးပစ္စည်း ကိရိယာတွေနဲ့ 4 Wheel မော်တော်ယာဉ်တစ်စီးကိုလှူဒါန်းပေးတဲ့အတွက် အထောက်အပံ့ကောင်းဖြစ်စေပါတယ်၊ အခု လှူဒါန်းပေးတဲ့ ဆေးပစ္စည်းကိရိယာများ၊ မီဒီယာပစ္စည်းများ၊ မော်တော်ယာဉ်များကို အကျိုးရှိစွာအသုံးချပြီး ရေရှည် ထိန်းသိမ်းသုံးစွဲသွားမှာဖြစ်ပါတယ်” ဟု လားရှိုးပြည်သူ့ဆေးရုံကြီးဆေးရုံအုပ်ကြီးဒေါက်တာဦးဒီပါတ်ကပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊လင်ချန်းအစိုးရမှ ယခုကဲ့သို့ လှူဒါန်းမှုများပြုလုပ်ပေးခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့နိုင်စေရန်၊ နှစ်နိုင်ငံနယ်စပ်နေပြည်သူများ ပိုမို ချစ်ခင်ရင်းနှီးလာစေရန်နှင့် ကျန်းမာရေး ကိစ္စရပ်များ ပိုမို ကောင်းမွန်လာစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဟု သိရပြီး အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအဖြစ် လာရောက်လှူဒါန်းရာတွင် သွားလာရေး အဆင်ပြေ ချောမွေ့စေရန်အတွက် Asia World Foundationမှ ကူညီပံ့ပိုးမှုများ ပေးခဲ့ကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment