ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ကသုံးဦးအားမတရားအသင်းနဲ့ဆက်သွယ်ဟုဆိုကာအလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်အမိန့်ချ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် လဝက အက် ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုခံထားရ သည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ် မပွင့်ဖြူလတ် နှင့် ကိုဇော်ဝင်းဘို တို့အား ဖေဖော်ဝါရီလ (၂၆) ရက်နေ့ က အလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်ချမှတ်လိုက်သည်။
"ကျွန်တော်တို့ကိုမတရားပုဒ်မဖြစ်သည့် ၁၃/၁ အမှု့ဒီနေ့အမိန်ချလိုက်တာ
ဖြစ်တယ် ရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်တာလဲ ၁၃/၁ ပုဒ်မပါဘဲ
သူတို့ကို ၈ ရက်ထဲ့နဲ့အမိန်ချသွားပါတယ်

ကျွန်တော်တို့ကို ၈ လကြပါပြီး
မှာ အမိန့်ချတ ကျွန်တော်တို့ကိုစတင်ဖမ်းစဉ်က ဘာပုဒ်မတပ်
ရမှန်ကိုမသိတာ အထက်အမိန်နဲ့ဖမ်းတာလိုဘဲသိရတယ် တရားရေးမဏ္ဍိုင်က မတရားမှု့တွေ လုပ်နေတာများနေပြီဟုကိုဇော်ဇော်လက်ကပြောသည်"။
"ကျွန်မတို့က ပရဟိတ အဖွဲ့ကလူတွေပါ အိန္တိယားနယ်စစ် ဟိုဘက်ကို
ကူးစဉ်က သွားလိုရလား လို့ မြန်မာနိုင်ငံလဝကကိုမေးပြီး ၂ နာရီခန့်
နယ်စပ်မှတင် ဓါက်ပုံအမှတ်တရ ရိုက်ကူခဲ့တာ ဘာရည်ရွယ်ချက်တွေမှာ
မပါကြပါဘူး အခုကိစ္စဟာ သက်သက်ဆောင့်မြင့်ကပ်ပုဒ်မတွေတပ်ပြီး
မတရားတရားစွဲခံနေရတာ ယနေ့အမိန်ချတာက ၁၃/၁အမိန်ချတာ ၁၇/၁
တပ်ထားသည့်ပုဒ်မနဲ့အမှု့ရှိသေတယ် ဟုမပွင့်ဖြူလက်ကပြောသည်"။
"ယနေ့အကြိမ် ၃၀ မြောက် ချမ်းအေးသာစံတရားရုံးထုတ်မှ မတရားပုဒ်မ
များဖြစ်သော ၁၇/၁ နဲ့ ၁၃/၁တို့ဖြင့် အရေးယူခံရသော
၎င်းတို့သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်လည်ပတ်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည် ။ထို့အပြင် ကိုဇော်ဇော်လတ် နှင့် မပွင့်ဖြူလတ်တို့အား ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ ငြိမ်းချမ်းရေး ခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment