Friday, February 19, 2016

အန်နီညို နဲ့တွေ့ရမယ်မြန်မာ

အယ်လ်နီညိုကြောင့် ရေချွေတာရန် တိုက်တွန်းပြီ

===================
===================

ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရေရှားပါးမှု ယမန်နှစ်ကထက် ပိုမိုဆိုးရွားနိုင်သဖြင့် ရေချွေတာသုံးစွဲကြရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာ ၄၅၀ ကျော်မှာ ရေလုံးဝပြတ်လပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နွေရာသီ ကာလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလများမှာ ကျေးရွာပေါင်း ၄၆၄ ရွာ ရေလုံးဝပြတ်လပ်ခဲ့ပြီး ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ကျေးရွာအများစု ပါဝင်ပါတယ်။

အဆိုပါ ဒေသများမှာ ရေငန်ထွက်ရှိရာ ဒေသများဖြစ်ပြီး သောက်သုံးရေအတွက် ရေလှောင်ကန်များကိုသာ အားကိုးရသဖြင့် ရေ ပြတ်လပ်မှု ကြုံတွေ့ရပါက အညာဒေသထက် ပိုမို အခက်ကြုံပြီး အန္တရာယ်ကြီးမားကြောင်း ဦးခန့်ဇော်က ပြောပါတယ်။

ယခုနှစ်မှာ ကြုံတွေ့ရမယ့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အယ်လ်နီညိုကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေပြတ်လပ်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

အယ်လ်နီညို သက်ရောက်မှုကို ဇွန်လအထိ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အစိုးရကလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

============

Duwun

posted from Bloggeroid

No comments:

Post a Comment