သစ်ကိစ္စ တပ်နှင့် ရွာသားများ တင်းမာမှုဖြစ်ပြီးနောက် တပ်ရင်းမှူးက ရိုးရာအတိုင်း ဝက်တစ်ကောင်ဖြင့် လာတောင်းပန်
===================
===================
အိန္ဒိယနိုင်ငံသို့ တရား မဝင်ရောင်းချမည့် ကျွန်းနှင့် ပျဉ်း ကတိုးသစ်ကားတစ်စီးကို တားဆီးခဲ့ရာမှ အိန္ဒိယနယ်စပ်အနီးရှိ နန်း အောက်မော်ကျေးရွာသားများနှင့် တပ်ရင်းအမှတ် (၂၂၉ နှင့် ၈၇)လက်အောက်ခံတပ်မှ အရာရှိငယ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့ပြီးနောက် တပ်ရင်းမှူးက ကူကီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရ ဝက်တစ်ကောင်ကို သတ်၍ကျေအေးပေးရန် ရွာသားများအား တောင်းပန်ခဲ့သည်။
တရားမဝင်သစ်များကို အိန္ဒိယဘက်သို့ နယ်စပ်ဖြတ်ကာ တင်ပို့ရောင်းချမည်ဟု သတင်းရသဖြင့် ရွာသားများက အသင့်စောင့်ဆိုင်း၍ ရွာကို ဖြတ်သန်းခွင့် တားမြစ်ခဲ့ရာ ယင်းဒေသရှိ တပ်ရင်းအမှတ် (၂၂၉ နှင့် ၈၇)လက်အောက်ခံ အောင်ဇေယျကျေးရွာစခန်း တာဝန်ကျဗိုလ်မှူးနှင့် တပ်စိတ်တစ်စိတ်က လက်နက်များ ကိုင်ဆောင်ကာ တားမြစ်သူများကို ကျောက်ခဲ၊သစ်သားတုတ်များဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရွာသားများနှင့် တပ်မတော်သားများအကြား ဖေဖော်ဝါရီ ၁၆ ရက်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
‘‘ရွာသားတွေကလည်း တစ် ဖက်၊ သူတို့ကလည်း တစ်ဖက် အ ပြန်အလှန်ဖြစ်ကြတယ်။ လူများ လာပြီး သူတို့ဘက်က သေနတ် ဆယ်ချက်ဖောက်ခဲ့တယ်။ ပြီး တော့ မင်းတို့တစ်ရွာလုံးကို မီးရှို့ ပစ်မယ်လို့ ပြောခဲ့တယ်။ ရွာက လူကြီးတွေနဲ့ ကလေးတွေက ကြောက်ကြတာပေါ့။ ဒါပေမဲ့ ဒဏ်ရာပဲရကြပါတယ်။ လူသေတာ တောမရှိဘူး’’ဟု ကိုယ်တိုင်မြင် တွေ့ခဲ့သည့် ဒေသခံ ဆရာမန်းက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွာသားများက အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်းကြားတိုင် ကြားခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ အခင်း ဖြစ်ပြီး သုံးရက်ကြာတွင် ယင်းတပ်မှတပ်ရင်းမှူးက ရိုးရာဓလေ့ထုံးစံ အရ ဝက်တစ်ကောင်သတ်၍ ကျေအေးပေးရန် လာရောက်တောင်း ပန်ခဲ့ကြောင်း ဆရာမန်းက ပြော သည်။
‘‘တပ်ကတော့ သူတို့တပ်က ဗိုလ်နဲ့ဖြစ်တဲ့ ရုန်းရင်းဆန်ခတ်မှု ကိုပဲ တောင်းပန်သွားပါတယ်။ သစ်တွေက တရားဝင်လား၊ မဝင် လားတော့ မသေချာပါဘူးခင်ဗျ။ ရွာသားတွေကတော့ ဒီအတိုင်း ပြောပါတယ်။ တပ်က သူတို့ပါဝင် ပတ်သက်မှုမရှိဘူး။ ရန်ဖြစ်တာပဲ တောင်းပန်တာလို့ ပြောပါတယ်’’ ဟု ကြားဝင်စေ့စပ်ညှိနှိုင်းပေး သည့် အထက်ချင်းတွင်းလူငယ် ကွန်ရက်မှ ကိုကျော်သက်ဝင်းက ပြောသည်။
သစ်ကားကတော့ အခုဆိုအင် ဖာလောက်ရောက်တော့မယ် ထင်တယ်။ ဘယ်သူပိုင်တဲ့ သစ်ကားလဲ သေချာမသိသေးပေမယ့် ရွာသားတွေကတော့ ဒီသစ်ကား ဟာ တပ်ဘက်ကပို့တာဖြစ်မယ် လို့ ပြောနေကြတယ်။ သူတို့သစ် ကားမဟုတ်ရင် ရွာသားတွေနဲ့ ပြဿနာဖြစ်စရာ အကြောင်း မရှိဘူးလေနော်’’ဟု ဆရာမန်းက ပြောသည်။
ရွာသားများနှင့် ဖြစ်ပွားခဲ့ သည့် ရုန်းရင်းဆန်ခတ်မှုများကို တပ်က လာရောက်တောင်းပန်ပြီး နောက် ကျေးရွာသားများ အဆိုပါ တောင်းပန်မှုကို လက်ခံပြီး ကျေ အေးပေးခဲ့ကြောင်း ဆရာမန်းက ပြောသည်။
သစ်ခိုးထုတ်မှုဖြစ်စဉ်တွင် တပ်မတော်သားများ ပါဝင်ပတ် သက်မှု ရှိခြင်း၊ မရှိခြင်းကို ကာ ကွယ်ရေးဝန်ကြီးဌာန ရုံးစိုက်ရာ နေပြည်တော်က သိရှိထားခြင်း မရှိသော်လည်း အဆိုပါသစ်ခိုး ထုတ်မှုတွင် တပ်မတော်သားများ ပါဝင်ပတ်သက်မှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါက တပ်စည်းမျဉ်း စည်းကမ်းများအတိုင်း အရေးယူ မည်ဖြစ်ကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးက ပြောသည်။
‘‘မေးကြည့်ရဦးမှာပါ။ ဘာမှ တော့ မသိရသေးဘူး။ ဒါပေမဲ့ ပါဝင်ပတ်သက်မှုရှိခဲ့ရင် တပ် မတော်က အရေးယူဆောင်ရွက် သွားပါ’’ဟု ၎င်းကပြောသည်။
မြန်မာပြည်ဘက်မှ အဆိုပါ သစ်မရောက်ရှိမီ အိန္ဒိယနိုင်ငံနှင့် သုံးမိုင်ခန့်ဝေးသော နန်းအောက် မော်ကျေးရွာ၌ ယင်းသစ်များကို လွှဲပြောင်းယူမည့် အိန္ဒိယနိုင်ငံမှ သစ်ကားသည် အသင့်ရောက်ရှိ စောင့်ဆိုင်းနေသည်ဟု နန်းအောက်မော်ရွာသားများက ဆိုသည်။
အချိန်းအချက်ပြုလုပ်ထား သော အိန္ဒိယနိုင်ငံမှ သစ်သယ်ယူ မည့်ကား ယင်းကျေးရွာတွင် သုံး ရက်ခန့်ကြိုရောက်ရှိနေပြီးနောက် မည်သည့်နေရာက ယူဆောင်လာ သည်ကို မသိရသည့် ကျွန်း၊ ပျဉ်း ကတိုး အပြည့်တင်ဆောင်လာ သော ကားသည် ရွာသို့မောင်းနှင် လာခြင်းဖြစ်သည်ဟု ဆရာမန်းက ပြောသည်။
============
7Day News Journal
http://7daydaily.com/story/58477

posted from Bloggeroid
No comments:
Post a Comment