Thursday, February 18, 2016

မန္တလေးတွင်နေ့ဘက်လုယှက်သူဖမ်းမိ

နေ့ခင်းကြောင်တောင်မြို့လယ်ခေါင်မှာ ပိုက်ဆံအိတ်လှယက်သူ တရားခံ ရဲနှင့်ပြည်သူဝိုင်းဝန်းဖမ်းဆီးရာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့
မန္တလေး ဖေဖော်ဝါရီ ၁၈
နေ့ခင်းကြောင်တောင်မြို့လယ်ခေါင်မှာ ပိုက်ဆံအိတ်လှယက်သူ တရားခံ ရဲနှင့်ပြည်သူဝိုင်းဝန်းဖမ်းဆီးရာ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁နာရီ ၂၀ခန့်တွင် မန္တလေးမြို့အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်နေ ဒေါ်ခင်မြမင်း(၄၆) နှစ်သည် လမ်း၈၀ အတိုင်းတောင်မှ မြောက် ဆိုင်ကယ်မောင်းနှင်စဉ် လမ်း၈၀နှင့် ၂၁ လမ်း အရောက်တွင်ဆိုင်ကယ်နောက်ကြည့်မှန်တွင်ချိတ်ထားသောပိုက်ဆံအားဆိုင်ကယ်ဖြင့်လှယူမောင်းပြေးသွားရာ ၄င်းမှာဆိုင်ကယ်လဲကျခဲ့ပြီးပတ်ဝန်းကျင်သို့အကူအညီတောင်းခံရာပိုက်ဆံအိတ်လှယူသူတရားခံအားလမ်း၈၀နှင့်၁၄လမ်းထောင့်(ကျုံးဘေးလမ်း)တွင်နယ်မြေစိုးမိုးရေးရပ်ကင်းတာဝန်ထမ်းဆောင်အမှတ်(၄)နယ်မြေရဲစခန်းမှရဲတပ်ကြပ်ဇော်ဇော်နိုင်နှင့်အဖွဲ့နှင့်ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
အဆိုပါ ဆိုင်ကယ်ဖြင့်လှယက်မှုကျူးလွန်သူ အောင်မင်းဦး(၂၀)နှစ်(ဘ) ဦးမင်းမင်း ဈ/၄ ချမ်းမြသာစည်မြို့နယ် နေသူအား အမှတ်(၅) ရဲစခန်းတွင် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment