မန္တလေးသင်္ကြန်အတွက် အထူးကြေညာချက်
လာမည့်မန်းသင်္ကြန်အား ရိုးရာယဉ်ကျေးမှူနှင့်အညီ ကျင်းပနိုင်ရန် တိုင်းဒေသကြီးလွှတ်တော်တာဝန်ရှိသူများနှင့် စာပေအနုပညာတတ်သိပညာရှင်များ ဆွေးနွေးနေကြပြီဖြစ်သည်။ ကျွန်တော်တို့ လူငယ်များအနေဖြင့်လည်း အစဉ်အလာကြီးမားခဲ့သည့် မန်းသင်္ကြန်အား ရိုးရာယဉ်ကျေးမှူနှင့်အညီ ဆက်လက်ထိန်းသိမ်းလိုပါသည်။ ထို့ကြောင့် လာမည့် မန်းသင်္ကြန်တွင် ကျုံးတောင်ဘက်၌ အုန်းလက်မဏ္ဍပ်ထိုးကာ အမျိုးသားအမျိုးသမီးများ မြန်မာ့ရိုးရာဝတ်စုံများ သပြေခက် ငွေဖလားများ အမွှေးနံ့သာများဖြင့် ရေပက်ကစားရန် စီစဉ်သွားမည်ဖြစ်ပါသည်။ ရိုးရာသင်္ကြန်ကို ထိန်းသိမ်းလိုသူ မန်းသူမန်းသားများအား ဖိတ်ခေါ်အပ်ပါသည်။

posted from Bloggeroid
No comments:
Post a Comment