Sunday, January 10, 2016

မင်္ဂလာဈေးမီးလောင်မှု့ဖြစ်ပွား



“၆နာရီကြာ လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးမီး လောင်ကျွမ်းသည့် အကြောင်းအရင်း မသိရသေး”

ဇန်နဝါရီ ၉ ရက် နံနက် ၁ နာရီ ၁၀ မိနစ်က စတင်ကာ လောင်ကျွမ်းခဲ့သော မီးကို မီးသတ်ကား အစီးရေ ၁၃၄ စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီ ၁၅ မိနစ်မှ မီးငြှိမ်းသွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးကိုမူ မပြောနိုင်သေး
ကြောင်း မီးသတ်အရာရှိများကဆိုသည်။

“ပစ္စည်းတွေထားသိုတာစည်းကမ်းမရှိဘူး။ လောင်စာတွေကို ဒီလိုထားတော့ မီးကကူးလွယ်တာပေါ့။ကျွန်တော်ရောက်တော့ဘဲ တတိယထပ်ပတ်ပတ်လည်မှာ မီးကတော်တော်များနေပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာကပြောသည်။

မင်္ဂလာဈေးမီးလောင်မှုတွင် မီးသတ်သမားများ၏ ကြိုးပမ်းငြိမ်းသတ်မှုများကို ပြည်သူ များက စောင့်ကြည့်ကာ ချီးကျူးခဲ့ကြသည်။
“မီးကအရင်တစ်ခေါက်ကထက်ပိုများတယ်”ဟုမင်္ဂလာဈေးအနီးနေထိုင်သူတစ်ဦးကပြောသည်။
၂၀၁၀ခုနှစ် မေလအတွင်းကလည်း မင်္ဂလာဈေးတွင် မီးအကြီးအကျယ်
လောင်ကျွမ်းခဲ့ဖူးသည်။ လောင်စာများသည့် မင်္ဂလာဈေးအပေါ်ထပ်သို့ လှေကားတင်ယာဉ် ၄ စီး၊ Water Tower ၂ စီးတို့ဖြင့် ခက်ခဲစွာငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

မင်္ဂလာဈေးမီးလောင်မှုတွင် ကန်တော်ကြီးမှ ရေကိုရရှိသဖြင့် မီးသတ်ကားများ မီးငြှိမ်းသတ်ရာတွင် အထောက်အကူဖြစ်ခဲ့သည်။


အန်လိုင်မှစကားသံများ

Like

Comment

Share

ကိုကို လှိုင် and 24,119 others like this.

Write a comment...

Post

April Chitthu May

မလိမ်ပါနဲ့ အခုချိန်ထိမညာပါနဲ့ ပြည်သူတွေ ကို သနားပါ 7Day News Journal ၇ှင် ။ ငွေလာဘ်စားထားတ၇်ဆို၇င်လည်း မလိမ် ပဲ တင် ပေးပါ။ ၇န်ကုန်မင်္ဂလာဈေးမီးနောက်ဆက်တွဲသတင်း။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာပြည်၏ပြည်တွင်းသတင်းစာ(7 day ခေါင်းဆောင် ကာအားလုံးက အတွင်းဆိုင်များမီးမငြိမ်းသေးပဲ၊ (၇နာ၇ီခန့်တွင်) မီးငြိမ်းပြီ ဟုလိမ်လည်သတင်းတင်နေကာမီးလောင်မှု့ကား ယနေ့မနက်
(၈ နာ၇ီခွဲခန်က ကျော်ကျော်မှသာ ယတိပြတ်ငြိမ်းသွားသည်ကို မျက်မြင်သက်သေဈေးသူဈေးသားများအပြောမှ သိ၇ှိ၇ပါသည်။ မီးက ညထဲက လောင်ပြီး

ရောက်လာတဲ့မီးသတ်ကားတွေကျွန်မတို့ကိုပြန် ပြောတာ က ‪#‎အမိန့်မပေးလိုေ၇မဖြန့်ဘူးတဲ့၇ှင်‬။ ကြည့်ပြီးဒေါတထွက်နေတဲ့ ဒီပြည်သူတွေ ပိုက် ဆံဟာ အလကားမ၇ပါဘူး ။
((( သတင်းပေး = မင်္ဂလာဈေးပိုင်၇ှင်၃ဦး ။

Edited · Like · 92 · Reply · More ·Yesterday at 12:41pm

Tin Aung Kyaw

7days အောက်မှာလည်းဝင်ရေးသွားတယ်
Wall ပေါ်မှာလည်း ရေးထားတာတွေ့တယ်…More

See all 25 replies

ခင် နှင်း ဖြိုး

မင်္ဂလာဈေးမှာ၂၄နာရီအဆင်သင့်ထားထားတဲ့မီးသတ်ကားကြီးမီးထဲပါသွားလားဟင်။
သိရင်ပြောကြပါအုန်းနော်။စိတ်ပူလို့ပါ။
နောက်မြန်မာပြည်ကဈေးတွေညကြမှဘာလို့လောင်တာလဲဟင်?

Like · 75 · Reply · More · Yesterday at 10:26am

18 replies

Ko Nyi Nyi

ဆပ်ပြာခွက်လောက် ရှိတဲ့နေရာတခုမှ ဈေး 4.ခုလောက်ဆောက်ထားတာ ပြီတော့ သူများနိုင်ငံတွေလို ဘာတခုမှ 
မီးနဲ့ ပတ်သက်တဲ့ အထောက်ကု ပြု ဈေးထဲမှ အမည်ခံ အဖြစ်ပဲရှိတာ ဖြစ်နိုင်ရင် အဲဒီနားက ဈေး အကုန်လောင်း
အေးရော သွားဆောက် ကွင်းကြီး2 ကားပါကင်ကြီး ဖြစ်နိုင်မယ် နေရာမျိုးမှ s သုးံမကျတဲ့ ဈေးဆောက်တဲ့ ဦနှောက်တွေ ဒါလောက်ပဲ ပြောချင်တဲ့



အခုလို မီးလောင်မှု ဖြစ်တာဟာ လောဘ ကြောင့်ဘဲ ၁ ဆိုင်များခင်းတွင်ပိုင်ဆိုင်မှုထက်ခင်းခြင်း

ဝါယာရှော့ပဲ ပြောမှာပါ,အရင်တုန်းက ဆိုင်တွေ့မှာ မီးပေးထားတော့ မီးပလပ်ပေါက်မှာ ရေနွေးအိုးက လောင်တာ,အခု ဘာမီးမှ မပေးထားဘူး,ပြီးတော့ အခုမီးဆင်တာ အပြင်ကုမ္မဏီက လာဆင်ထားတာ,ရေပန်တွေ့ မီးသတ်ကားတွေ့ထားတာပဲ,စပြီးမီးလောင်တုန်းက မြင်ရတာက နည်း2လေပဲ,ပြီးတော့ စည်ပင်တွေ့ကလည်းတိတိကျကျမကိုင်တွယ်ဘူး,ပစ္စည်းတွေ့ကို အောက်မှာမချရ,ပြောတာပဲရှိတယ်,တကယ့်မှ အလုပ်မလုပ်တာ,ဘာပဲဖြစ်ဖြစ်တော်သေးတာပေါ့ နေ့ဘက်သာဆို လူတွေ့ပိလို့သေမှာ,လမ်းပေါက်တွေ့ကပိတ် ခင်းထားလိုက်တဲ့ပစ္စည်းတွေ့ လူသွားလို့ကိုမရတာ


Water Towerပေါ်မှ တာဝန်ယူဆောင်သောရဲဘော်အား ဂုဏ်ပြုအပ်ပါတယ်


ညအလုပ်လုပ်ဖို့
ဆိုင်တွေပိတ်ပြီ
ဈေးပိတ်ပြီ
၁။ ဘယ်လိုခွင့်တောင်းရလဲ
၂။ ဘယ်သူကခွင့်ပြုရလဲ
၃။ ဘယ်လိုစည်းကမ်းနဲ့ခွင့်ပြုလဲ
၎။ လုံခြုံရေးဘယ်လိုစောင့်လဲ
၅။ လျှပ်စစ်ဘယ်လိုသုံးခွင်ပြုလဲ
၆။ လုပ်ငန်းဘယ်သူကြီးကြပ်လဲ
၇။ ပြီးစီးရင်ဘယ်လိုစစ်ဆေးလဲ
၈။ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု တွေ
ဘယ်သူတာဝန်ယူထားလဲ
# လက်လွတ်စပါယ်လုပ်ချင်တာ
လုပ်လို့မရဘူးလေ
# အလုပ်လာလုပ်တဲ့သူကိုဘဲ
အပြစ်ပြောလို့မရဘူးလေ
# စည်းကမ်းစနစ်နဲ့ လုပ်ကိုင်ခွင့်
ပြုတာဘဲဖြစ်ရမှာပေါ့
# အခုလိုဖြစ်သွားတော့
ပြည်သူရော တိုင်းပြည်အတွက်
ပါနစ်နာတာလေ
# * အလုပ်လုပ်သူ
* လုံခြုံရေးတာဝန်ရှိသူ
* လုပ်ငန်းကြီးကြပ်သူ
* လုပ်ငန်းခွင့်ပြုသူ
* အုပ်ချုပ်သူအဆင့်ဆင့်
အကုန်တာဝန်ရှိတယ်လေ
# ဆိုင်ရှင်ကတော့ လုပ်လိုတာ
ခွင့်တောင်းမှာဘဲလေ
စနစ်တကျလုပ်ဆောင်စေဘို့က
ဘယ်သူတွေတာဝန်လဲ
# အကြောင်းရင်းနဲ့
အကျိုးအပြစ်တော့
စဉ်းစားကြဘို့လိုပါတယ်
အကြောင်းရှိလို့အကျိုးဖြစ်လာတာပါ
# သေခြာစနစ်တကျစဉ်းစားပြီး
အရေးယူမှုတွေလုပ်သင့်ပါတယ်
စည်းကမ်းတွေထိမ်းသင့်ပါတယ်



7 Day သတင်းစာမှာ မင်္ဂလာဈေး မီးလောင်တဲ့အကြောင်း တစ်လုံးတောင်မပါဘူး။ သတင်းစာရိုက်ပြီးလို့ မထည့်တာဆိုလည်း အချပ်ပိုအနေနဲ့ ထည့်လို့ရပါတယ်။ခု တော့ out date ဖြစ်နေပြီ 7 day အဲ့လို ဖြစ်တာတွေ တော်တော်များများရှိနေပြီ ။

မြန်မာနိုင်ငံက

ရန်သူ မျိုး၅ပါး

ကပ်ဆိုတ်နေပြီး

နေရာအနှံ့  အပြားဘဲ

သူငယ်ချင်း တို့သတိထားကြရဲ့လား

တစ်ချို့က အစိုးရက ဒုတိယတစ်ကြိမ် ထပ်မွှေတယ်လို့ပြောကြတယ်။
တစ်ချို့က တစ်ဖက်ဈေးသစ် ဈေးပိုကောင်းလာပြီး လူပိုစည်လာအောင် ဈေးသစ်သားတွေထဲက လုပ်တယ်ပြော ကြတယ်။ တစ်ချို့က ညclub,ဘီယာအရက် ဆိုင်တွေ, ပြည့်တန်ဆာတွေ မကောင်းမှူ ဒုစရိုက်သမားတွေ ညတိုင်းပျော်ပါးကြတဲ့ နေရာမို့ အကုသိုလ်ဖြစ်ရတယ်လို့ ပြော ကြတယ်။ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်ပါ. . တကယ်နစ်နာဆုံးရှူံးရသူတွေ အတွက် ကိုယ်ချင်းစာ မိပါတယ်။ ပထမ တစ်ကြိမ် ခံရပြီးပြီ. .ခုက ဒုတိယ အကြိမ်. . .
ပြန်လည် ထူထောင်ရေးတွေ လုပ်ဖို့ဆိုတာ နှစ်တွေ လတွေ အများကြီးပေးဆပ်ရင်နှီး ရပါတယ်။ လုပ်ငန်းရှင်တွေ အတွင် ဆုံးရှူံး ရုံတွင် မကပဲ အဲ့ဒီ့ လုပ်ငန်းတွေမှာ လုပ်ကိုင် နေကြရတဲ့ ဝန်ထမ်းတွေ အလုပ်သမား တွေ လူ အယောက်ပေါင်းများစွာရဲ့ ဘဝ တွေ လည်း ဦးတည်ရာ မဲ့စေပါတယ်။ ဒါကြောင့် ဒီဈေး အပေါ် နောက် ထပ် တစ်ကြိမ် ယုံ ကြည် ရဖို့ဆိုတာ ဒီဈေးရဲ့ သက်ဆိုင် သူတွေ အပေါ် အများကြီးတည်မှီနေပါပြီ။ ရှောင်သင့် တာရှောင် လို့ ဖယ်သင့်တာဖယ်ပြီး စောင်သင့်တာ စောင် ကြဖို့ အကြံပြုချင် ပါတယ်။



မီးက ညထဲက လောင်ပြီး ရောက်လာတဲ့မီးသတ်ကားတွေကျွန်မတို့ကိုပြန် ပြောတာ က‪#‎အမိန့်မပေးလိုေ၇မဖြန့်ဘူး‬ ကြည့်ပြီးဒေါတထွက်နေတဲ့ ဒီပြည်သူတွေ ပိုက် ဆံဟာ အလကားမ၇ပါဘူး ။



မီးလောင်ပြီးရင်ဈေးကိုနေရာပြောင်းမယ် ပြီးရင်နေရာကိုရောင်းစားမယ် ပြုတ်ခါနီးလေးဂွင်ဘဲ

မြန်မာပြည်မှာ အထပ်မြင့်တိုက်တွေ မီး
မတော်တဆဖြစ်ရင် ငြိမ်းနိုင်ဘို့ ရဟတ်
ယာဉ်တွေ ဝယ်ဖို့ လွှတ်တော်မှာ ပြည်ထဲေးက ကန့်ကွက်ခဲ့တယ်နော် နောင်ဆိုရင်ဘယ်နှယ့်လုပ်ကြမလဲ


မီးလောင် အသစ်ထပ်ဆောက် ငွေထပ်ပေး။ဟုပ်နေတညပဲ။ကန်ထရိုက် တွေ ပြုံနေလောက်ပီ။အခုဆို။

ည1: 10 မိနစ်က ဈေးထဲ ဘာဝင်လုပ်တာလဲ 
မီးဝင်ရှို့နေတာ ပေါ့ .ဘယ်သူမှ မဝင်ရဲ့ အစိုးရအဖွဲ့ကလွဲရင်..သေခြာပေါက်ကို 
တမင် ရှို့တာ



ဒို့နိုင်ငံမှာ
အထပ်မြင်အဆောက်အဦး
တွေများလာပြီ
water waterတွေ
လိုအပ်လာပြီ



ကျန်တဲ့သူတွေ ဘာမှပြောမနေနဲ့တော့ဗျာ
အခုပြောနေတဲ့ အထဲမှာ အတိအကျသိပါတယ်
အစိုးရက ရှို့ခိုင်းတာပါ လို့
ဆိုတဲ့သူတွေ ပါနေတာပဲ
သူတို့ကိုသာ ဆွဲစစ်ကြည့်လိုက်တော့ !
အချိန်ကုန်တယ့်လေကုန်တယ် !

ဒီလောက် ကြီးမား တန်းဖိုး ကြီးတဲ့ အဆောက်အဦးကြီးတခုမှာ မဖြစ်မနေ တပ်ဆင်ထားတဲ့ မီသတ်ပိုက်တွေက အခုလိုဖြစ်တော့ ချက်ချင်းအသုံးပြု့လို့မရဘူးလား
ဒါဆို တခြားအဆောက်အဦးတွေလည်း
မဖြစ်မနေတပ်ဆင်ထားတဲ့ မီးသတ်ပိုက်တွေက
အဖြစ်တပ်ထားတာလား ????
အလှတပ်ထားတာလား???
ခိုင်းလို့တပ်ထားတာလား???
ဆင်းစားရင် ကြောက်စရာကြီးဗျာ 
ကြိုးစားနေသူတွေအား လုံးကိုတော့ အထူးလေးစားပါတယ်

ဘာဘဲဖြစ်ဖြစ် ဆုံးရှုံးသွားတဲ့ပိုင်ရှင်တွေကိုဘဲသနားတယ်လေ
ခုခေတ်က ပြန်ရှာရတာ မလွယ်တော့ဘူးလေ
စိတ်မကောင်းပါဘူး



ရွှေတိဂုံဘုရားနားကဖျက်လိုက်ရတဲ့စီမံကိန်းအစားပြန်ပေးချင်လို့ လါးမသိ
ဘူးနော်။ဆိုင်ရှင်တွေသနားမိပါရဲ့။



မီးသတ်သမားတွေကိုမပြစ်ပြောကြတဲ့သူတွေရေ သူတို့ကမီးငြိမ်းတာနော် ခင်ဗျားတို့ကရပ်ကြည့်ပြောနေတာ စာနာပါ မီးလှုံ ကြည့်ပါ ၁၀မိနစ်လောက်ဆိုပူနေပီမီးတောက်သေးသေးလေးနော် စဉ်းစားကြပါ မီးအရှိန်ရယ် အချိန်ရယ် ကိုယ်ချင်းစာပါဗျာ


နဲနဲဖြစ်တာနဲလူကြီးတွေကိုဆဲနေရအောင်မင်းကနိင်ငံတော်မကြီကဲလားမီးလောင်လဲီလူကြီးဟိုဟာဖြစ်လဲဒီလူကြီးမင်းတို့ဟာတွေမလွန်လွန်းဘူးလားစစ်တပ်နဲ့ရဲပူးပေါင်းဆောင်ရွက်နေတာမင်းတို့တွေမမြင်ဘူးလားဆဲဆိုတာတွေကိုနဲနဲဆင်ခြင်ကြပါကိုယ်လည်မကူညီဘဲအပစ်လိုက်တင်မနေပါနဲ့လို့ပြောချင်ပါတယ်



စိတ်မကောင်းလိုက်တာ ဆုံးရှုံးမှုတွေဘယ်လောက်များလိုက်ကြမလဲ ဘယ်လိုတွေပြန်လည်ထူထောင်ကြမလဲ




ကိုယ်ပစ္စ္ဓည်းကိုယ်ဘယ်သူကမီး
လောင်အောင်လုပ်ပမလည်းသူ
များတွေသောကရောက်နေချိန်မှာ
ကိုယ်ချင်းစာနာလည်တတ်ဘို့
ကောင်ပါတယ်



တကယ်တော့ ဆေးရုံ ဖြစ်ဖြစ် ဇျေးဖြစ်ဖြစ် ညဘက်မီးသတ်ကား ၁ စီးလောက်ထားသင့်ပါသည်


နှစ်သစ်မှာ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေဘဲ မြင်ကြားနေရတယ်။၇ ရက်သားသမီးများ ပူပင်သောက ငြီမ်းပါစေ



မီးထဲပါသွားတဲ့ဆိုင်တွေစိတ်သောကဘယ်လောက်တောင်ရောက်ကြမလဲနော် …မင်္ဂလာဈေးခဏခဏဖြစ်နေတာ…?



ဘာဖြစ်လို့မီးလောင်ရတာလဲဖြေပေးပါလား

ကျွန်တော်ကြားတာတော့ ဆိုင်အသစ်တစ်ဆိုင်ကညဖက်ကြီးဆိုင်ပြင်ဖို့ ဝရိန်ဆော်ရာက ဝါယာရှောာ့ဖြစ်တယ်ဆိုလားပဲ..မီးသတ်ကားအသစ်ကြီးနဲ့ကျိတ်ငြိမ်းကြသေးတယ်တဲ့ နောက်မှမနိုင်မနင်းတွေဖြစ်ပြီး ဒီအခြေအနေထိရောက်ကုန်တာတဲ့..ကြားတာပြောတာနော် ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေပိုသိမှာပဲ.. :):)

posted from Bloggeroid

No comments:

Post a Comment