Thursday, January 14, 2016

အချက်အလက်များ

ယ​နေ့တွင်​ နိုင်​ငံ​တော်​သမ္မကြီးသည်​ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေပါ ပုဒ်​မ ၂၀၄ (က) အရ မြန်​မာတစ်​နိုင်​ငံရှိ အကျဉ်း​ထောင်​အသီးသီးတွင်​ ထိုက်​သင့်​သည့်​ ပြစ်​ဒဏ်​ကျခံပြီး​သော အကျဉ်းသားများ နှင့်​ အကျဉ်းကျခံစဉ်​ကာလ စည်းကမ်း​ကောင်းမွန်​​သော အကျဉ်းသားများကို လွတ်​​ငြိမ်းချမ်းသာခွင့်​​ပေးခဲ့သည်​။ ယင်းလွတ်​ငြိမ်းချမ်းသာခွင့်​ ဖြင့်​ မြန်​မာနိုင်​ငံတစ်​ဝန်းရှိ အကျဉ်းသားစုစု​ပေါင်း (၆၉၆၆) ဦးလွတ်​​မြောက်​ခွင့်​​ပေးလိုက်​ပြီး နိုင်​ငံ​ရေးအကျဉ်းသား ၁၃ ဦး​သာ တစ်​နိုင်​ငံလုံးအတိုင်းအတာဖြင့်​ပါဝင်​​ကြောင်း နိုင်​ငံ​ရေးအကျဉ်းသားအ​ဟောင်းများ အဖွဲ့ နှင့်​ နိုင်​ငံ​ရေးအကျဉ်းသားကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့ (AAPP) က သိရသည်​။
``လက်​ရှိစာရင်းပြုစုထားတဲ့ အ​ရေအတွက်​ပါ ။ မန္တ​လေးမှာ ၄၃၆ လက်​မှတ်​ထိုးတဲ့ ဗိုလ်​မှူး တစ်​​ယောက်​ ပခုက္ကူက နှစ်​​ယောက်​ ၊ သရက်​​ထောင်​က တစ်​​ယောက်​နဲ့ ရန်​ကုန်​က အလုပ်​သမားအ​ရေး လယ်​သမားအ​ရေးနဲ့ ​ထောင်​ကျသူ (၇) ​ယောက်​ မီဒီယာက ဘိုင်​မွန်းတည့်​​နေက ၂​ယောက်​ စုစု​ပေါင်း ၉ ​ယောက်​သာပါ​တယ်​။ ဒီစာရင်းကလည်း ကျွန်​​တော်​တို့ဆီကို တက်​တဲ့စာရင်းပါ။´´ ဟု နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းများကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့(AAPP) မှ ဦး​အောင်​မျိုး​ကျော်​ က ​ပြောသည်​။
ယင်းနိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းများအဖွဲ့အ​နေဖြင့်​ ယခုလ ၆ ရက်​​နေ့က နိုင်​ငံ​တော်​ သမ္မတ ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ နှင့်​ နိုင်​ငံ​ရေးပါတီအသီးသီးသို့ နိုင်​ငံ​ရေး အကျဉ်းသားများအား ၂၀၁၅ ​ရွေး​ကောက်​ပွဲ ​ရွေး​ကောက်​ပွဲမတိုင်​ခင်​လွှတ်​​ပေးရန်​​တောင်းဆိုခဲ့သည်​။ ထို့အပြင်​ ၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ နိုင်​ငံ​ရေးအကျဉ်းသားများသာမက တစ်​ခြားအကျဉ်းသားများလည်း မဲ​ပေးခွင့်​ရသင့်​​ကြောင်း သုံးသပ်​ကြသည်​။
မြန်​မာတစ်​နိုင်​ငံလုံးအတိုင်းအတာဖြင့်​ နိုင်ငံ​ရေးအကျဉ်းသားစုစု​ပေါင်း ၁၃၄ ​ယောက်​ရှိပြီး ယ​နေ့တွင်​ ၁၃ ဦး ပြန်​လွတ်​လာသည့်​ အတွက်​ ၁၂၁ ​ယောက်​ကျန်​ရှိ​နေ​သေး​ကြောင်း နိုင်​ငံ​ရေးအကျဉ်းသားကူညီ​စောင့်​​ရှောက်​​ရေးအဖွဲ့ (AAPP) က သိရသည်​။ ထို့အပြင်​ နိုင်​ငံ​ရေး​ကြောင့်​ တရားရင်​ဆိုင်​ဆဲ ဦး​ရေ ၄၀၀ ​ကျော်​ရှိပြီး အလုပ်​သမားအ​ရေး ၊ ​လယ်​သမားအ​ရေး ၊ ကျောင်းသားအ​ရေး ၊ တို့တွင်​ပါဝင်​ကြသူများ ၊လက်​နက်​ကိုင်​အဖွဲ့မှလူများပါဝင်​ကြသည်​။
``ကျန်​ရှိ​နေ​သေးတဲ့ နိုင်​ငံ​ရေးအကျဉ်းသား​တွေကိုလည်း လွှတ်​​ပေး​စေချင်​​သေးတယ်​။ နိုင်​ငံ​တော်​​ကောင်းစားဖို့ ဒီမိုက​ရေစီလမ်း​ကြောင်း​ပေါ်​ရောက်​ဖို့ တက်​ကြွလှုပ်​ရှား​နေတဲ့ သူ​တွေကိုကျ အကုန်​လွှတ်​မ​ပေးဘဲ နှစ်​နိုင်​ငံ သင့်​မြတ်​​ရေး​ကို အ​ကြောင်းပြပြီး သစ်​ခိုးထုတ်​တဲ့ တရုတ်​နိုင်​ငံသား​တွေကျ​တော့ အကုန်​လွှတ်​တယ်​။ ဒါဟာ လုံးဝမဖြစ်​သင့်​ပါဘူး။ တကယ်​ဆိုရင်​ ကိုယ့်​နိုင်​ငံသား​တွေကိုပဲ အ​လေးထာလွှတ်​သင့်​ပါတယ်​။´´ ဟု နိုင်​ငံ​ရေးအကျဉ်းသား​​ဟောင်းများအဖွဲ့ မှ ရုံးအဖွဲ့ အတွင်း​ရေးမှူး ဦးသက်​ဦး က ​ပြောသည်​။
လွတ်​ငြိမ်းချမ်းသာခွင့်​ပြုသည့်​ ၆၉၆၆ ​ယောက်​တွင်​ နှစ်​နိုင်​ငံချစ်​ကြည်​​ရေး နိုင်​ငံအချင်းချင်းမိတ်​ဝတ်​မပျက်​ ဆက်​ဆံ​ရေးကို ​ရှေးရှု​သောအားဖြင့်​ နိုင်​ငံခြားသား အကျဉ်းသား ၂၁၀ အားလွတ်​ငြိမ်းချမ်းသာခွင့်​ပြုခဲ့သည်​။
ထိုအထဲတွင်​ ဇူလိုင်​လ ၂၂ ရက်​က သစ်​ခိုးထုတ်​မှု​ကြောင့်​ တစ်​သက်​တစ်​ကျွန်းကျခံခဲ့သည့်​ တရုတ်​နိုင်​ငံသား ၁၅၃​ယောက်​လည်းပါဝင်​ခဲ့သည်​။ ယင်းတို့ထဲမှ နှစ်​ဦးသည်​ အသက်​မပြည့်​​သေး​သော​ကြောင့်​ ​ထောင်​ဒဏ်​ ၁၀ နှစ်​သာကျခံခဲ့သည့်​ တရုတ်​နိုင်​ငံသား ၂ ဦးအပါအဝင်​ ၁၅၅ ဦး မြစ်​ကြီးနားအကျဉ်း​ထောင်​မှ လွတ်​​မြောက်​ခဲ့သည်​။ ၎င်းတို့သည် သစ်လုံးတန် ချိန် ၄,၅၀၀ ကျော်ဖြင့် ၀ိုင်းမော် မြို့နယ် ၀ါရှောင်၊ မံဝိန်း၊ဆီနီကူး၊ မံတောင်၊ လောခွန်ယွန်၊ ဆဒုံး သစ်လုပ်ကွက်တွင် ဖမ်းဆီးရမိခြင်းဖြစ်​ပြီး ဖမ်းဆီးရမိသည့် သစ်များကို ကာလပေါက်ဈေးနှင့်တွက်ချက် ပါက အမေရိကန်ဒေါ်လာ သန်း ခြောက်ဆယ်ကျော်​ရှိ​သည်​။ မစ်ကြီးနားတရားရုံးက(၁၉)ကြိမ် မြောက် ရုံးချိန်းတွင် အမိန့်ချမှတ် ရာ အများပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေးပုဒ်မ အပက(၃) ဖြင့် တရုတ်နိုင်ငံသား ၁၅၅ ဦးအ နက် ၁၅၃ ဦးကို တစ်သက်တစ် ကျွန်းထောင် ဒဏ်ချမှတ်လိုက်ပြီး ကျန်နှစ်ဦးမှာ အသက်မပြည့်သေးသောကြောင့် တရားသူကြီးက ထောင်ဒဏ် ဆယ်နှစ်စီချမှတ်လိုက်​သည်​။အဆိုပါပုဒ်မသည် အနိမ့် ဆုံးထောင်ဒဏ် ၁၀ နှစ်မှ အမြင့် ဆုံး တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည်။ တစ်သက်တစ်ကျွန်းမှာ ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော ပြစ်ဒဏ်ဖြစ်သည်။
ထိုသို့လွှတ်​​ပေးမှု​ကြောင့်​ မြန်​မာ့နိုင်​ငံ​ရေးအသိုင်းအဝိုင်း နှင့်​ အရပ်​ဖက်​လူ့အဖွဲ့အစည်းများမှ ​လူသားချင်းစာနာသည့်​ စိတ်​အရင်းနဲ့ လွှတ်​ခြင်းမဟုတ်​ပဲ ဟန်​ပြအဖြစ်​သာ လွှတ်​ခြင်းဖြစ်​​ကြောင်း သုံးသပ်​ကြသည်​။
``တကယ်​ကိုဘာမှမထူးဆန်းပါဘူး။ နိုင်​ငံ​ရေးအကျဉ်းသား​တွေနဲ့ တရားရင်​ဆိုင်​​နေရတဲ့ ​တောင်​သူလယ်​သမား အလုပ်​သမား ​ကျောင်းသား​တွေကိုသာ လွှတ်​​ပေးသင့်​တာ။ ခုဟာက

posted from Bloggeroid

No comments:

Post a Comment