ကျောက်စိမ်းမှာ ဈေးအကြီးဆုံး စွေးလု ရည် (သို့) ခရိမ်ဆိုဒါ ရည်
•••••••••••••••••••••••••••••••••••••••
စွေးလု (မြန်မာ အသံထွက်) ဆိုတာ တရုတ်စကားမှ ဆင်းသက်လာတာ ဖြစ်ပြီး ကြည်တဲ့ရေ အရမ်းနက်တော့ စိမ်းသွားတဲ့ အလှတရား ရှိတဲ့ ကျေက်စိမ်းကို ခေါ်တာပါ။ ရှုမငြီးတဲ့ ကျောက်စိမ်းပေါ့။ အရည်ကိုက စီးကျလာတော့မယ့် အတိုင်းပဲ။ သိပ်ကို အဖိုးတန်ပါတယ်။ ဒါကိုတချို့က ခရိမ်ဆိုဒါ ရည် လို့လည်းခေါ်ပါတယ်။
ရဖို့လည်း ခက်တယ်။ ဒါပေမယ့် လက်ရှိ ခိုးဝင်လာတဲ့ ယန္တရား အားနဲ့ဆို မခက်ပါဘူး။
ဒီကျောက်စိမ်းပွင့်တွေဟာ အပါယ်ကြီးတစ်ပွင့်ကို ကျပ်သန်း ထောင်ငွေ အထိ ဈေးပေါက်ပါတယ်။ စွေးလုရည်အဖြစ် မြောက်စားခံရတဲ့ ကျောက်စိမ်း တွေဟာ အရည်သာမက အသားပါ ကောင်းဖို့ လိုအပ်ပါတယ်။
ဆိုရိုးစကား အရ နဂါးရှိတဲ့နေရာ ရေရှိတယ် အရည်ရှိတဲ့ နေရာ အသားကောင်းတယ် ဆိုတာ စွေးလုရည် ကျောက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီလို ကျောက်စိမ်းမျိုးကို ဖါးကန့် မည်သည့်မှော် မဆို တွေ့နိုင်ပါတယ်။
ဆိုတော့က ဒီလိုကျောက်စိမ်းမျိုးဟာ များများမလိုပါဘူး။ ဆယ်ပိဿ လောက် ပြည်ပ (သို့) တရုတ်ပြည်ကို မှောင်ခို ပါသွားတာနဲ့ us
ဒေါ်လာ သန်းပေါင်း ရာချီ အခိုးခံရပြီ လို့ မှတ်ယူနိုင်ပါတယ်။
မှတ်ချက်=တကယ့် စွေးလုရည် ဟာ ပုံကထက် အရည်ပိုရင့် ပါတယ်။
စာရေးသူမှာ ပုံမရှိပါ။ စွေးလုရည် အစစ် နဲ့ ဓါတ်ပုံ ကို
တရုတ်ပြည် နဲ့ သူ့ web တွေမှာ ကြည့်ရှုနိုင်။
(တရုတ်စာ တတ်သူများ)

posted from Bloggeroid
No comments:
Post a Comment