နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ (၁၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ဇန်န၀ါ ရီ ၁၀ ရက်မှာ ကျင်းပမှာဖြစ်ပြီး
နာရေးကူညီမှုလုပ်ငန်းစဉ် ပါဖောမန့် အစီအစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
နာရေးကူညီမှု ဈာပနလုပ်ငန်းစဉ်တွေ၊ အနိစ္စတရားသို့ အလည်အပတ်သွားခြင်း ပါဖောမန့်တွေနဲ့ သရုပ်ဖော်ခန်းတွေ
ပါဝင်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေနဲ့ အသင်းရဲ့ မှတ်တမ်းဓာတ်ပုံတွေပါ ပြသထားမှာဖြစ်ပါတယ်။
ထို့အပြင် ငြိမ်းချမ်းရေးတေးသရုပ်ဖော်သီချင်းတွေနဲ့ ဖျော်ဖြေခြင်း၊ ပရဟိတဈေးရောင်းပွဲတော်တွေ ကျင်းပခြင်း၊
အမှတ်တရပစ္စည်းတွေ ရောင်းချခြင်း၊ ကာတွန်းဆရာများရဲ့ ကယ်ရီကေးချား ရုပ်ပြောင်ကာတွန်းတွေ ရေးဆွဲခြင်း စတဲ့
ပျော်ပွဲရွှင်ပွဲတွေ၊၊ ဆရာဇင်ယော်နီနဲ့ တပည့်တွေရဲ့ ဗေဒင်ဟောခန်းတွေလည်း ဒီပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။

posted from Bloggeroid
No comments:
Post a Comment