မင်္ဂလာဈေးမီးလောင်ကျွမ်းမှုကြောင့် ရှားပါးသည့် အရေးကြီးဆေးဝါး အချို့ပြတ်လပ် မှုနှင့် ဈေးနှုန်းမြင့် တက်မှုများ ဖြစ်ပေါ်လာနိုင်
***
ရန်ကုန်မြို့ ရှိ ဆေးဝါးဖြန့်ဖြူးရာအဓိက ဈေး ကွက် တစ်ခုဖြစ်သည့် မင်္ဂလာဈေးမီး လောင်ကျွမ်းမှုကြောင့် ရှားပါး သည့် အရေးကြီးဆေးဝါးအချို့ ပြတ်လပ် မှုနှင့် ဈေးနှုန်းမြင့်တက် မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း မင်္ဂလာဈေးအတွင်း ရှိ ဆေးဆိုင် လုပ်ငန်း ရှင်များထံမှ သိ ရသည်။
မင်္ဂလာဈေးသည် အဓိကအား ဖြင့် ဆေးဝါးပစ္စည်းများကို လက်လီ၊ လက်ကားဖြန့်ဖြူးနေသည့် ဈေးတစ် ခုဖြစ်ပြီး လက်ရှိမီးလောင် ကျွမ်းမှု များကြောင့် ဈေးကွက်အတွင်း ဆေး ဝါးများ ပြတ်လပ်မှုများနှင့်ရင်ဆိုင်ရ နိုင်ကြောင်း သိရသည်။
မင်္ဂလာဈေးရှိ ဦးကျော်ဆေး ဆိုင် မှ ဦးတင့်အောင်က ''လောလော ဆယ်တော့ ပစ္စည်းပြတ်သွားမယ်ထင် တယ်။ ဆေးသုံးစွဲတဲ့ လူတွေ အတွက် တော့ တော်တော်လေးအန္တရာယ် များတယ်။ သူတို့နေရာချပေးတဲ့အ ပေါ် မူတည်ပြီးတော့ ကြိုးစားလုပ်ကြ ရမှာလေ။ ဟိုတစ်ခေါက်တုန်းက ဆို ရင်လည်း နေရာထိုင်ခင်းပေးပြီးတော့ မှ ခြောက် လလောက်တော့ကြာ တယ်။ ဆေးဈေးနှုန်းက ဘယ်လောက် အ ထိတက် လာမယ်ဆိုတော့ အတိအကျ တော့ မပြောနိုင်ဘူး။ ကုမ္ပဏီတွေနဲ့ ညှိရဦးမှာပေါ့''ဟု ဆိုသည်။
သို့သော် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှု မရှိစေရန်အတွက် ဆေးဆိုင်များအမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရန်လို အပ်ပြီး ဆေးဝါး ပြတ်လပ်မှုအခြေအနေပေါ် မူတည်ကာ ဈေးကွက်အတွင်း ဆေးဝါးပြတ် လပ်မှုနှင့် ဈေးနှုန်းမြင့် တက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆေးဆိုင် လုပ်ငန်းရှင်များက ဆိုသည်။
မင်္ဂလာဈေးမှ မဌေးဆေးဆိုင် မှ တာဝန်ရှိသူတစ်ဦးက ''ဆေးဈေး နှုန်းက တက်တော့တက်သွားမယ်။ အရေးကြီးတဲ့ဆေးတွေ၊ အသည်း ဆေးလိုဟာမျိုးတွေ ဆေးရုံ၊ ဆေးခန်း တွေမှာ သိပ်မရှိတဲ့ဟာ မျိုးတွေ က တော့ နည်းနည်းတော့ရှားသွားမှာ ပေါ့။ အဝယ်လည်း
ခက်သွားမယ်''ဟု ဆိုသည်။
ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက လောင်ကျွမ်းခဲ့သည့် မီးလောင်မှုကြောင့် မင်္ဂလာဈေးရှိ ဆိုင်ခန်း ပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment