Sunday, January 10, 2016

၂၀၁၅ သတင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်
၂၆နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား မန္တလေး လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းတွင် ကျင်းပ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် ၂၆နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၅ခုနှစ် နိုဝင်ဘာ၂၀ရက် နံနက် ၈နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်း ကျောင်းတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးဝန်ြံကီးဌာန၀န်ကြီး ဦးအောင်ဇံနှင့် WorldVision မှတာဝန်ရှိသူများ၊ NGO၊ INGO၊ CRC မှတ၀န်ရှိသူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကလေးသူငယ်များတက်ရောက် ရောက်ကြပြီး၊ NGO၊ INGO အဖွဲ့များက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့်ကို ကလေးများသိရှိနား လည်စေရန် ပြခန်းများ၊ ပျော်ရွှင်ဖွယ်ရာဂိမ်းကစားခြင်းများ၊ တစ်ခန်းရပ်သရုပ်ဖော်တင်ဆက်မှုများ၊ အမေအဖြေ ကစားနည်းများကိုပါထည့်သွင်းကျင်းပခဲ့သည်။
၁၉၈၉ခုနှစ် နိုဝင်ဘာ ၂၀ရက်နေ့တွင် ၄၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို အတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ခုနှစ်တွင် အဖွဲ့ ၀င်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ပါအခွင့်အရေး ၄ မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့် (Survival)၊ ဖွံ့ ဖြိုးတိုးတက်ခွင့်(Development)၊ကာကွယ်စောင့်ရှောက်ခံခွင့်(Protection)၊ ပူးပေါင်းဆောင်ရွက်ခွင့်(Participation) တို့ကို တာဝန် ၃ရပ်ဖြစ်သည့် အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ အစီရင်ခံခြင်းတို့ဖြင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ပြောင်းလဲလာသည့် ခေတ်သစ် စနစ်သစ်နှင့်အညီ နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှလွတ် မြောက်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်နဲ့တာဝန် (၃)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အာဆီယံဒေသအတွင်းမှာရှိတဲ့ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှာလည်း ဒေသဆိုင်ရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်၍ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်မြို့နယ် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဆင့်ဆင့်ကိုလည်းဖွဲ့စည်းပြီး ကလေးသူငယ်များအားလုံး အဓိက အခွင့်အရေး ၄ ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ရယူနိုင်ရန်အတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုး စီးပွားဖြစ်ထွန်းစေရန်အတွက် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ဖောင် ဆောင်လျက်ရှိကြောင်းသိရသည်။
ကလေးသူငယ်များအား ရှင်သန်ခွင့်ရရှိရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နေသလို ပညာရေးဝန်ကြီးဌာနကလည်း ကလေးများ၏ပညာရည်မြင့်မားရေး အတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံကလေးများ၊ ဥပဒေနှင့်ရင်ဆိုင် နေရသောကလေးများအား တာဝန်ယူဆောင်ရွက်ပြီး သင်တန်းကျောင်းများတွင် ပညာသင်ကြားပေးခြင်း၊ အသက် မွေးဝမ်းကျောင်းပညာသင်ကြားပေခြင်းနှင့် လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြုစုပျိုးထောင် ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ လူမှုရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ခြင်းများအပြင် အရွယ် မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေးကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၉၁နိုင်ငံက လက်မှတ်ရေးထိုးထားကြောင်း၊ သဘောတူစာချုပ်တွင် စုစုပေါင်း အပိုဒ် ၅၄ခုပါဝင်ပြီး အပိုဒ် ၄၃မှ ၅၄ သည်ကလေးသူငယ်များ ၎င်းတို့အခွင့်အရေးများရရှိစေရန် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မည်သို့ လုပ်ငန်းဆောင်ရွက်ကြမည်များကို ပြဋ္ဌာန်းထားကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment