ပြည်တွင်းစစ်ရပ်တန့်ရေးအတွက်ကျောက်ဖြူတွင် ဆန္ဒပြ
၁၀ဇန်န၀ါရီလ၂၀၁၆၊ကျောက်ဖြူ
ကျောက်ဖြူတွင် ဇန်န၀ါရီလ(၁၀)ရက် နေ့လည်(၁း၀၀)နာရီခန့်က ပြည်တွင်းစစ်ရပ်တန့်ပေးရန်အတွက်ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့သည်။

ဘုရားကြီးတောင်ကွင်းမှစတင်၍ မြို့တွင်းလှည့်လည်ကာ ပြည်တွင်းစစ်ရပ်ပေးပါ၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးသာအလိုရှိသည်၊ stop civil war စသည့် ပိုစတာများကိုကိုင်ဆောင်ပြီးလမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
´´ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်တိုက်ပွဲတွေဖြစ်နေတာကိုရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆီသွားနေပါတယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်တွေဖြစ်နေတာတွေ့နေရတယ်။ စစ်ဖြစ်နေရင်ဖွံ့ဖြိုးတိုးတက်ရေးဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီကို အမြန်သွားချင်ပါတယ်။ စစ်ပွဲအမြန်ရပ်ပေးပါလို့တောင်းဆိုပါတယ်``ဟုဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ညကိုထွန်းကြည် ကပြောသည်။
လက်ရှိရခိုင်ပြည်တွင်းဖြစ်ပွားနေသောစစ်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေး၍ ဖြေရှင်းသင့်ကြောင်း စစ်ဖြစ်နေရင် လူတွေလည်းဒုက္ခရောက်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုစိုးလွင် ကပြောသည်။
´´စစ်ဖြစ်နေရင် လူတွေလည်းဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေးကို စားပွဲဝိုင်းဆွေးနွေးပွဲမှတစ်ဆင့် အဖြေရှာသင့်ပါတယ်။ စစ်ကိုအမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုချင်ပါတယ်``ဟု ကိုစိုးလွင် ကပြောသည်။
ဆန္ဒပြပွဲကို ကျေးလက်ဒေသနှင့်ကျောက်ဖြူမြို့မှ လူပေါင်း(၃၀၀)ကျော်တက်ရောက်

posted from Bloggeroid
No comments:
Post a Comment