Monday, January 11, 2016

ဂျေမောင်မောင် ဓါက်ပုံလက်ရာများ








ချာင်း၊ဂွဈေးအနီး မီးလောင်မှုမြင်ကွင်း.
=================

ဂွဈေးအနီးရှိ မြသီတာလမ်းတွင် ယနေ့ နံနက် ၁၁ နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ဆယ့်လေးလုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၁ နာရီ ၃၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု အဆင့် ၄ သတ်မှတ်၍ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၆၇ စီး ၊မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ခန့် ဖြင့် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာတွင် တပ်မတော်သားများလည်း လုံခြုံရေးယူပေးနေပြီး မီးစတင်လောင်သည့်အိမ်ရှင် ဒေါ်ရင်ရင်သန်းကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


posted from Bloggeroid

No comments:

Post a Comment