Sunday, January 10, 2016

မုံရွာဈေးမီးလောင်းမှု့ဖြစ်ပွား

မုံရွာ သီရိရတနာဈေးတွင် မီးလောင်မှု ထပ်မံဖြစ်ပွား "
~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သည့် ၁၄ ရက်က မီးလောင်မှု ဖြစ်ပွားထားသည့် မုံရွာမြို့ သီရိရတနာဈေး (ဈေးဟောင်း)တွင် ယနေ့(ဇန်နဝါရီ ၁၁) နံနက် ၃နာရီခွဲခန်၌ မီးလောင်မှုထပ်မံဖြစ်ပွားခဲ့သည်။
ဈေးအပေါ်ထပ်ဆိုင်ခန်းမှ ဝါယာရှော့ခ်ဖြစ်ကာ ဆိုင်ခန်းတစ်ခန်းမီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း မုံရွာမြို့နယ် မီးသတ်ဌာနမှ သတင်းရရှိသည်။

သီရိရတနာဈေးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၉ရက်ညက မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းခဲ့မှုကြောင့် ဈေးဆိုင်ခန်း ၅၆ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။


posted from Bloggeroid

No comments:

Post a Comment