Monday, January 18, 2016

အွန်ပေါ်က ပြည်သူအသံ သတင်းများ

ဒေါ်အောင်ဆန်းစုကြည် ... က မှားတာပါ ။
=========================
တကယ်ဆို ဒေါ်အောင်ဆန်းစုကြည် က မှားတာ ...
နှစ်ပေါင်း ၂၀. ကျော် အာဏာရှင် ကို အံတုပြီးနေအိမ်အကျယ်ချုပ်
နဲ့နေပြီး မိသားစုအရေး ၊ ကိုယ့်ရဲ့လွတ်လပ်တဲ့အခွင့်ရေး အားလုံး
ရပိုင်ခွင့်တွေကို စွန့်ပြီး ပြည်သူတွေအတွက် အနစ်နာမခံသင့်ဘူး ...
အခုတော့ သူအနစ်နာခံ စွန့်လွတ်ခဲ့သမျှတွေ နဲ့ လက်ရှိ
အစိုးရ အဖွဲ့ဝင်တွေရဲ့ပြည်သူတွေအပေါ် ထားတဲ့ သဘောထား
တွေကို ယှဉ်ကြည့်လိုက်တော့ ... အစိုးရဖွဲ့ရဲ့ ရက်စက်ယုတ်မာမှု
တွေ ပေါ်လွင်ကာ ပြည်သူတွေ သိသွားကြတာပေါ့ ...
တကယ်ဆို ဒေါ်အောင်ဆန်းစုကြည် က မှားတာ ..
နိုင်ငံရပ်ခြားမှာသူမရဲ့ ဘဝ အဆင့်မြင့်မြင့် ဇိမ်ကျကျ ရပ်တည်ရှင်သန်
နေထိုင်သွားလို့ ရပါရက်နဲ့ ... ဖိနှိပ်ခံပြည်သူတွေရဲ့ ဘဝ တွေအတွက်
မတရားမှုတွေကိုတွန်းလှန်ရင်း သူမရဲ့စွန့်လွတ်နစ်နာ ခံမှုအတွက်
နိုင်ငံတကာမှ ချီးမြှင့်တဲ့ဆုကြေးငွေ တွေကိုတောင် သူ့အတွက်မသုံးပဲ
ပြည်သူတွေဘဝမြင့်မားစေဖို့ ပေးလှူပြီးလုပ်ပြသွားတော့
အခု လက်ရှိ အစိုးရ အဖွဲ့ဝင်တွေကပြည်သူ့အကျိုးကို
ဘာတစ်ခုမှ မကြည့်ပဲ ပြည်သူ့ဘဏ္ဍာ တွေကို ရသလောက်ခိုး ပြီး
တွေ့သလောက် ဘုံး နေကြတာတွေနဲ့ ယှဉ်ကြည့်တော့ သူတို့ဘယ်
လောက်ယုတ်မာပက်စက်ခဲ့တယ်ဆိုတာပြည်သူတွေသိကုန်တာပေါ့ ..
တကယ်ဆို. ဒေါ်အောင်ဆန်းစုကြည်. က မှားတာ ..
တရားဥပဒေ အထက်မှာဘယ်သူမှ မရှိစေရ ။ ဥပဒေ ဆိုတာပြည်သူကို
နှိပ်စက်ဖို့ မဟုတ် ပြည်သူတွေကိုကာကွယ်ပေးဖို့ ...ကိုယ့်ရဲ့သီလ လုံခြုံ
မှ ကိုယ့်ဘဝလုံခြုံမယ်လို့ပြောပြီး သူကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သား
တည်း နေထိုင်ပြလိုက်တော့ ...
လက်ရှိ အစိုးရဖွဲ့ဝင်တွေရဲ့ ... ဥပဒေမဲ့ပြုကျင့်ထားမှုတွေ ...
လူတစ်စု အတွက် ဥပဒေကလိုက်ပြီးရပ်တည်ပေးနေရတာတွေ ...
ဥပဒေ ကို ကုတ်ခွစီးပြီး အကျင့်သီလပျက်နေတာတွေ ကို ပြည်သူတွေ
သိကုန် မြင်ကုန်ကြတာပေါ့ ....
တကယ်ဆို. ဒေါ်အောင်ဆန်းစုကြည်. က မှားတာ
အင်မတန် ဆင်းရဲနေတဲ့ နိုင်ငံမှာ ပြည်သူကရွေးတဲ့အမတ်တွေဟာ ...
ပြည်သူတွေနဲ့ အတူတူဆင်းရဲပင်ပန်းခံပြီး နေကြဖို့ ... ပြည်သူ့ဘဏ္ဍာ
ခိုးဝှက် ပြီးမိမိဘဝချမ်းသာစွာနေခြင်းဟာ ... အင်မတန် ရှက်စရာ
ကောင်းတယ်လို့ ပြောလိုက်တော့ ...
လက်ရှိ အစိုးရ ဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှု ချမ်းသာ
ကြွယ်ဝ မှုတွေဟာ .... ဘယ်လိုရယူပိုင်ဆိုင်ထားကြသလည်းဆိုတာ ...
သိကုန်မြင်ကုန်ကြပြီး ... သူတို့ရဲ့ ခမ်းနားထယ်ဝါတဲ့ ဘဝတွေ နဲ့ ဆင်းရဲ
ချို့တဲ့စွာနေကြရတဲ့ ပြည်သူတွေရဲ့ဘဝ ... ကွာခြားနေမှုတွေကို ...
အကုန်လုံး သိကုန်ကြတာပေါ့ ....
တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်. က. မှားတာ ...
နိမ့်ကျနေတဲ့ပြည်သူတွေကို ... ကမ္ဘာ့အလယ် ခေါင်းမော့ ရင်ကော့စွာ
ဝင်ဆန့်နိုင်အောင် အမှန်တရားဘက်က ရပ်တည်ပြီး ဦးဆောင်လမ်းပြ
ပေးလိုက်တော့ ....
လက်ရှိ အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရက်စက်မှုတွေ ...
တရားမဲ့ပြုကျင့်ထားမှုတွေ အားလုံးပေါ်ကုန်ပြီး ... ပြည်သူတွေကို ...
နောက်လာမယ့် အာဏာရှင်မျိုးဆက်သစ်တွေက ...ဆက်ပြီး နိုင်ကျင့်
အုပ်ချုပ်လို့ မရတော့ဘူးပေါ့ .... ....
တကယ် ဆို ဒေါ်အောင်ဆန်းစုကြည် က မှားတာပါ ...
တကယ်. မှား ခဲ့တာက ဒေါ်အောင်ဆန်းစုကြည် ပါ .... နော် .... ။
တာ့် အမြင် တစ်ထွာ တစ်မိုက် ။
=======================
မန်မာပြည်သူလူထုအနေနဲ့ အာဏာရှင်အစိုးရ
လက်ထက်မှာ ကနဦး အရေးပါဆုံး ကန့်ကွက်ခဲ့
တာက ဧရာဝတီမြစ်ဆုံ စီမံကိန်း ဟု ကျွန်တော်
ယူဆမိသည်။ဒါ ကျနော့် အမြင်ပါ။
ဧရာဝတီ ရဲ့ အရေးပါအရာရောက်လှတဲ့ သဘာဝ
တရားက ဖြစ်ပေါ်မှုဟာ မြန်မာပြည်သူလူထုရဲ့
အသက်သွေး နဲ့အတူ စီးဆင်းနေတယ်လို့ယူဆမိ
သည်။
မြန်မာပြည်ကို ချစ်လျှင် ဧရာဝတီ ကိုလည်း ချစ်ရမည်။ထို့အတူ မြန်မာပြည်မှာ တည်ရှိပြီး
စီးဆင်းနေတဲ့ မြစ်ချောင်း အင်းအိုင် တောတောင်
ရေမြေတွေကို လည်းချစ်မြတ်နိုးပြီး ထိန်းသိမ်း
စောင့်ရှောက်ဂုဏ်ယူရမည်။
ထို သဘာဝ တရားတွေသာမက မြန်မာနိုင်ငံအ
တွင်းမှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား
စစ်စစ် သွေးချင်းညီအကို မောင်နှမများကိုလည်း
ချစ်မြတ်နိုးရမည်။
အမေစု ရဲ့ ရဲ့ရင့်ပြတ်သားပြီး ဆုံးဖြတ်ချက်ခိုင်မာ
မှု မှန်သမျှ ကို လေးစားပါသည်။
အခုလည်း သတင်းထွက်လာသည်
လိုအပ်ပါက ဧရာဝတီ မြစ်စုံ စီမံကိန်းကို လျော်
ပေးသင့်လျှင် လျော်ပေးမည် ဆိုတဲ့ အသံကြား
တော့ ပျော်မိသည်။
ဒီသတင်းဟုတ်သည် မဟုတ်သည် အပထား
နိုင်ငံတော်သယံဇာတ လုပ်ငန်းမှန်သမျှ ပြန်လည်
စီစစ်ဘို့လိုလာပါပြီ။နိုင်ငံ နဲ့ ပြည်သူအတွက်တကယ်
အကျိုးရှိမရှိပေါ့။
ဧရာဝတီမြစ်ဆုံသာမက မြန်နိုင်ငံသားတို့ အတွက်
အကျိုးနည်း နေသော အခြား သယံဇာတ လုပ်ငန်းများကိုလည်း ဤ နည်းအတိုင်း ဖြစ်
ပါက အဟောသိကံ ကောင်းလေစွ ပေါ့။
အမေစု ကို ပြည်သူတွေ ချစ်မြတ်နိုးယုံကြည်
အားကိုးသည်မှာ မဆန်းပါ။
အမေစု က နိုင်ငံနဲ့ ပြည်သူလူထု ကောင်းကျိုး
မှန်သမျှ ကို အစွမ်းကုန်လုပ်ဆောင်အကောင်
အထည်ဖော်မှာ သေချာပါသည်။
မြစ်ဆုံအကြောင်း ကနဦး အစ ဖွင့်ဟခဲ့လျှင်လည်း
ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်း ဖားကန့်ကျောက်စိမ်းလုပ်ငန်း
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
ထီးချိုင့်မြို့နယ် နီကယ်သတ္တုတူးဖော်ရေး
ရမည်းသင်း မိုးထိမိုးမိတောင်မှ ရွှေသတ္တုလုပ်ငန်း
မှ သည် အာဏာရှင်လက်ထက် ခရိုနီနဲ့ပြည်ပ ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းအစုံ မှန်သမျှ အား
တပ်လှန့်လိုက်ခြင်းဖြစ်ပါကြောင်း ယူဆမိပါသည်
သယံဇာတ ပေါများလှသော မြန်မာပြည်ကြီး
အမေစု ၏ စီမံခန့်ခွဲမှု ဖြင့် အမှန်တကယ်ဘဲ
နိုင်ငံ နဲ့ ပြည်သူလူထု အကျိုးရှိလာတော့မည်မှာ
မလွဲဧကန့် ဖြစ်ပါကြောင်း တွေးမိပြန်သည်။
မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ဘဝ တိုးတက်လာ
မည်ကိုလည်း မုဒိတာ ပွါးမိပါသည်။ပြည်သုလူထု
တစ်ရပ်လုံးလည်း အမေစု နဲ့တကွ NLD ပါတီ
ကို ပိုမိုဝန်းရံ လက်တွဲကူညီ ဘို့လိုအပ်ပါသည်။

"နိုင်ငံ နဲ့ ပြည်သူဘဝ

တစ်ခေတ်ပြောင်းဘို့
ခွပ်ဒေါင်းတို့ အိုးဝေသံ
မိုးထိတိုင် ဘဝဂ်ငြံ

posted from Bloggeroid

No comments:

Post a Comment