Monday, January 11, 2016

မင်္ဂလာဈေးမီးလောင်မှု့ဆိုင်ခန်းများအားနစ်နာကျေးပေး

မီးလောင်ဆုံးရှုံးသွားတဲ့ မင်္ဂလာဈေးက ဈေးသူဈေးသားတွေ ယာယီဈေး ဆိုင်ခန်းရွှေ့ပြောင်းစရိတ်အတွက်
ဆိုင်ခန်းတစ်ခန်းကို ကျပ်ငါးသိန်းကနေ ဆယ်သိန်းကြား ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က
ဒီနေ့(ဇန်နဝါရီ ၁၁ )မှာ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ထို့ပြင် ချေးငွေတွေ ထုတ်ချေးနိုင်ဖို့ စီစဉ်ပေးမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။ ယာယီဈေးကို ရွှေပြည့်စုံဈေးနဲ့
ရွှေမင်္ဂလာဈေးများရဲ့ ကားပါကင်တွေမှာ အခိုင်အခန့်တည်ဆောက်ပေးမယ်လို့ ရန်ကုန်မြို့တော်ဝန်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မီးလောင်သွားတဲ့ မင်္ဂလာဈေး အဆောက်အဦးကို အသစ်ပြန်လည်တည်ဆောက်ပေးမယ်လို့ သမ္မတက ပြောကြားခဲ့ပေမယ့်
ရန်ကုန်မြို့တော်ဝန်က အင်ဂျင်နီယာအသင်းနဲ့ တိုင်ပင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-နစ်ကီ ၊ဇွဲဥာဏ်

posted from Bloggeroid

No comments:

Post a Comment