Tuesday, February 16, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့နေပြည်တော်စစ်ဌာနချုပ်ရောက်

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိ
---- ------ ------ ------ ----
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ယာဉ်တန်း ၃ စီးဖြင့် ၁၃း၂၇ နာရီခန့်တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ဝင်ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရွေးကောက်ပွဲနောက်ပိုင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကာ ယခု တွေ့ဆုံမှုသည် တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဆိုင်းငံ့ရေး နှင့် တိုင်းဒေသကြီးအချို့၏ ၀န်ကြီးချုပ်နေရာများကို တပ်မတော်မှရွေးချယ်သူများ ခန့်အပ်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ထွန်း(နေပြည်တော်)

posted from Bloggeroid

No comments:

Post a Comment