

စပါးခွံဖွဲအိတ်များဖုံးကာ တမလန်းသစ်များ တင်ဆောင်လာသည့် ၁၂ ဘီး ယာဉ် ကလေးမြို့တွင် ဖမ်းမိ
ဖေဖော်ဝါရီ ၁၃ ကလေး။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လယ် တစ်နာရီခွဲအချိန်က ကလေးမြို့နဲ့ ကျီးကုန်းရွာကြားအရှိ ဖောင်ကူးရွာဟောင်းမှာ စပါးခွံအိတ်တွေ ဖုံးထားပြီး တမန်းလန်းတုံးတွေ တင်ဆောင်လာတဲ့ ဆယ့်နှစ်ဘီးယာဉ် ယာဉ်နံပါတ် YGN 6K-7306 ကို တမလန်းတုံးများနဲ့ အတူ ကလေးခရိုင်ရဲတပ်ဖွဲ့မှ မှု/ကူ ခေါင်းဆောင် ရဲအုပ်သီဟ ကလေးမြို့မစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်တို့နဲ့အတူ သစ်တောတာဝန်ရှိသူများက သတင်းအရ ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
တမူးနယ်ကနေ ကလေးနယ်ကို ဖြတ်သန်းမယ့်ကားလို့ ယာဉ်ကြောအရ

ယူဆရပါတယ်။ အဲ့ဒီကားပေါ်မှာ တမလန်းဓားရွေ ဆိုက်စုံ ၆၃ ချောင်း တန် ၇ ဒဿမ ၉၄၄ တန် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောသည်။
အဆိုပါ ယာဉ်ပေါ်မှ တမလန်းတုံးများမှာ တမူးနယ် ခမ်းပါတ်မြို့အနီး သစ်တောမှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သက်သေများရှေ့တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ ထွက်ဆိုခဲ့ကြောင်း ခရိုင် မှု/ကူ ခေါင်းဆောင် ရဲအုပ်သီဟ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကလေးမြို့အောမြေမာန်ရပ်ကွက်မှ ယာဉ်မောင်း ဇင်ကိုမင်းနဲ့ ယာဉ်နောက်လိုက် ကျုံးနိုင်စန်းကို ဖမ်းဆီးစစ်ဆေးနေပြီး သစ်ပိုင်ရှင်အား အမြန်ဆုံးဖော်ထုတ်နိုင်ရေး စစ်ဆေးနေပြီဖြစ်ကြောင်း သစ်များနှင့် ပတ်သက်ပြီး စာရွက်စာတမ်း တံဆိပ် တစုံတရာ မပါကြောင်း ခရိုင် မှု/ကူ ခေါင်းဆောင် ရဲအုပ်သီဟက ဆက်လက်ပြောကြားခဲ့သည်။
မင်းရဲစစ်နိုင်
09440966887
posted from Bloggeroid
No comments:
Post a Comment