Wednesday, February 3, 2016

ဦးဂမ္ဘိရ ကို လ ဝ ကဥပဒေနဲ့ရုံးထုတ်

ဦးဂမ္ဘီရအား (လ၀က)ဥပဒေဖြင့် ဖမ်းဆည်းခဲ့ပြီး ရုံးချိန်းတွင် အာမခံရရှိရန်မှာ တရားသူကြီး၏ဆင်ခြင်တုံ တရား ပေါ်မူတည်-ဟုဆို ။
မန္တလေး ဖေဖော်ဝါရီ ၃

ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ ဦးဂမ္ဘီရ(ဦးညီညီလွင်)အား (လ၀က)ပုဒ်မဖြင့်ဖေဖေါ် ၀ါရီ ၃-ရက်နေ့ ညနေ၃-နာရီခွဲက မဟာအောင်မြေ မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ရာ အာမခံမရခဲ့ဘဲ ထပ်မံချိန်း ဆိုလိုက်ပြီး အာမခံရရှိရေးမှာ တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်မူတည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကမှတ်ချက်ပြု ပြောကြားသည်။

"နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာတယ်။ကျွန်တော်တို့ ဘက်က အာမခံရဖို့လျှောက် ထား ခဲ့ပေမယ့် မရသေးဘူး။နောက်ရုံးချိန်းမှာ အာမခံ ရမလားဆိုတာကတော့ တရားသူကြီး ဆင်ခြင်တုံတရားပဲ။ ကျွန်တော်မပြောနိုင်ဘူး။"ဟု ၄င်းက ပြောသည်။
အခုလက်ရှိ
ဦးဂမ္ဘီရသည် လက်ရှိအခြေအနေတွင် ကျန်းမာရေးကြောင့် ဆေးများနေ့စဉ်သောက်သုံးနေရသဖြင့် အာမခံ အမြန် ရရှိရန်လိုကြောင်း၊ယခုရုံးချိန်းတွင် အာမခံရရှိရေးအတွက် လျှောက်ထား ခဲ့သော်လည်း အာမခံ-မရ ရှိသေးဘဲ ဖေဖေါ်ဝါရီ ၁၀-ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်းသွားရောက်တွေ့ဆုံသူတွေကပြောသည်။

"ကျန်းမာရေးကတော့ တစ်ရက်သုံးကြိမ် ဆေးသောက်နေရတုန်းပဲ။ထောင်တွင်းမှာ အရင်စာရင် တော်တော် လေးတော့ ကောင်း လာတယ်။ ထောင်ထဲမှာ ကိုယ့်ဆေးကို သောက်ရတာအဆင်ပြေ ပါတယ်။အာမခံရဖို့တော့ ဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်။"ဟု တရားခွင်မှထွက်ခွာလာသည့် ဦးဂမ္ဘီရက ပြောသည်။
၎င်းသည် မယ်ဆိုင်နှင့် တာချီလိတ်သို့ တရားဝင်-၀င်ထွက်သွားလာနေခဲ့သော်လည်း တရားမ၀င်ဟုဆိုကာ လ၀ကဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲဆိုထားခြင်းမှာ မှားယွင်းနေသည်ဟု ဦးဂမ္ဘီရကပြောဆိုခဲ့ပြီး၊ ကျန်မာရေးအတွက် ခိုင်မာသောခံဝန်ချက်ဖြင့်အာမခံပေးရန် အကျိုးဆောင်ရှေ့နေများက လျှောက်လဲ ခဲ့ကြောင်းလည်း ၎င်းကပြော၍သိရသည်။

"ဒီနိုင်ငံမှာ အမိန့်ပေးတရားစီရင်ရေးမဟုတ်တော့ဘူး။ဦးဂမ္ဘီရက လူဆိုးသူခိုးမဟုတ်တဲ့အတွက် လုံလောက်တဲ့ ခံဝန်ချက်နဲ့ အာမခံပေးသင့်တယ်။သက်သေတွေ စစ်ဆေးနေတာနဲ့ ဦးဂမ္ဘီရရဲ့ ကျန်းမာရေးက ထောင်ထဲမှာ ကုသဖို့ မလွယ်ဘူး။"ဟု အကျိုးဆောင်ရှေ့နေဦးရောဘတ်ဆန်းအောင်က ရုံးတော်သို့ လျှောက်လဲခဲ့သည်။

မိခင်ဖြစ်သူက ပြောကြားရာတွင်"ခန္တီးထောင်မှာ တုန်းကရိုက်နှက်ခံရလို့ ရန်ကုန်SSA ဆေးရုံမှာ ဆေးစစ်တော့ သူ့ရဲ့ ညာဘက်ဦးခေါင်းရိုးအက်တယ်လို့ အဖြေထွက်တယ်။မြန်မာနိုင်ငံအတွင်းမှာ အမေ့သားကို တရားဝင် ဆေးကုမပေးရဲလို့၊ဆေးကုမပေးနိုင်လို့ ဒီလိုလုပ်သလားဆိုတာအစိုးရမင်းများ စဉ်းစားပေးပါ။"ဟု ရင်ဖွင့်ခဲ့သည်။

ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ဦးဂမ္ဘီရအား ဇန်နဝါရီလ (၁၉) ရက် ည (၉) နာရီအချိန်က Power Hotel အခန်းနံပါတ်(၄၀၄)တွင် တည်းခိုစဉ် မဟာအောင်မြေမြို့နယ်ရဲစခန်းမအမှတ်(၉)မြို့မရဲစခန်းမှ လာရောက်ဖမ်းစီးကာ (ပ) ၅၇/၂၀၁၆ လဝက အက်ပုဒ်မ-၁၃(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကျွန်တော်မြန်မာနိုင်ငံအတွင်းမှ လ.ဝ.က အက် ဥပဒေဖြင့် အရေးယူမယ်
ဆိုရင် အများကြီး ရှိပါတယ် မန္တလေးမြို့အတွင်းကို ကြည်ပါ တရုပ်နိင်ငံ
သား ဧည် မှတ်ပုံတင် ကိုင်ဆောင်ထားပြီး မိသားစုလိုက်တွေ လာရောက်
စီးပွားရှာနေတာတွေ မှတ်ပုံတင် လုံးဝ မရှိသော သူတွေ အများကြီးရှိတာ
ဒါပေမဲ့ ဘယ်သူမှ မဖမ်းဘူး အခု ဦးဂမ္ဘိရ ကြတော့ ဖမ်းတာက တရားမျှ
တမှုမရှိဘူး သူဟာမြန်မာနိုင်ငံသား ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး
အတွက် ဗုဒ္ဓဘာသာမြန်မာ ရဟန်သံဃာတော်တွေ အတွက်လှုပ်ရှားခဲ့
သူဖြစ်လို အခုလိုဖမ်းဆီတာဟု လာရောက်ကြည့်ရှု့ တစ်ဦးပြောသည်။

posted from Bloggeroid

No comments:

Post a Comment